ငရဲပြည်တံခါးဝဟု ယူဆရသော မြို့ဟောင်းတစ်ခု တူရကီ၌ တွေ့ရ

Wednesday, April 10, 201
ငရဲပြည်တံခါးဝဟု ယူဆရသော မြို့ဟောင်းတစ်ခု တူရကီ၌ တွေ့ရှိ
တူရကီနိုင်ငံ အနောက်တောင်ပိုင်း ဒီနစ်ဇလီ ပြည်နယ်ပါ မို့ခ်ခါလီ မြို့တွင် ဂရိနှင့် ရောမဒဏ္ဍာရီများထဲမှ ငရဲပြည် တံခါးဝဟု ယူဆရသော မြို့ဟောင်း တစ်ခုကို အီတ လီရှေးဟောင်း သုတေသန ပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ရ ကြောင်း Daily Mail သတင်းတစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။

ဘီစီ ၁၉၀ ခန့်က ဟိုရာပိုလစ်ဟု အမည်ရသောယင်းဒေသတွင် ပါဂန်မစ် မျိုးနွယ်ဝင် အူမန်နက်စ် ဘုရင်က ပရိုင် ဂျီယန် ရှေးဟောင်း မြို့တော်ကို တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ထိုမြို့တွင် ငရဲ
ပြည်ဟု မုခ်တံခါးဝဟု ယူဆရ သော အဆောက်အအုံ တစ်ခုကို ဖရန်ဆစ်ကို ဒီအန်ဒရီယာ ဦးဆောင်သော အီတလီ ရှေးဟောင်း သုတေသနပညာရှင် အဖွဲ့က
တွေ့ရှိခဲ့သည်။

ထိုအဆောက် အအုံ၏ အောက်ခြေ လှိုဏ်ခေါင်းအတွင်း၌ အပှုချိန်
မြင့်မားပြီး ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ပါဝင်သော မြူခိုးများ ထူထပ်စွာ ဖုံးလွှမ်း နေသည်ကို တွေ့ရှိရ သောကြောင့် သိပ္ပံပညာရှင်များက ငှက်များ စေလွှတ်၍ ပျံသန်း စေသောအခါ အဆိပ်ဓာတ်ငွေ့ သင့်၍ သေဆုံးသွားသည်ကို တွေ့ရသည်။

YoYarLay

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post