အိုဘားမားကို လုပ်ကြံမည့် အစီအစဉ် မပေါက်ကြားရန် အမေရိကန် တပ်ဖွဲ့ဝင်လေးဦး လူသတ်မှုကျူးလွန်

ဧပြီလ ၁၀ ရက် ၂၀၁၃
“နိုင်ငံတော် လုပ်ကြံမှု အစီအစဉ်တစ်ရပ်ကို ဖုံးဖိထားနိုင်ရေးအတွက် အမေရိကန် တပ်ဖွဲ့ဝင်လေးဦးတို့သည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး တို့ အား သတ်ဖြတ်ခဲ့ကြောင်း အမေရိကန်ပြည် ထောင် စု ဂျော်ဂျီ ယာပြည် နယ်မှ အစိုးရရှေ့နေများက သြဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ အမေရိကန်တပ်ဖွဲ့ဝင် လေး
ဦးတို့သည် အက်ဖ်အီးအေအာရ် အမည်ရှိ မင်းမဲ့ဝါဒီ စစ်အုပ်စုအဖွဲ့ဝင်များဖြစ်ပြီး အမေရိကန်သမ္မတ ဘားရက်အို ဘားမားကို လုပ်ကြံသတ်ဖြတ်ကာ အစိုးရအဖွဲ့အား ဖယ်ရှားရန် ကြံစည်နေသူ များဖြစ် .ကြောင်း ဂျော်ဂျီယာပြည်နယ် အစိုးရရှေ့နေ များ က ဖော်ထုတ် တင်ပြခဲ့ သည်။
ယင်းအပြင် အဆိုပါ တပ်ဖွဲ့ဝင်လေးဦး တို့သည် ၄င်းတို့ အခြေစိုက် သည့် ဖို့စတီးဝပ်အမည်ရှိ စစ်စခန်းနှင့် ၀ါရှင်တန် ပြည်နယ်မှ ဆည်တစ်ခုကိုတိုက်ခိုက်ရန် လည်း ကြံစည်ထားပြီး ယင်းတိုက်ခိုက်မှု များအား အကောင် အထည်ဖော်ရန်
အတွက် အမေရိကန်ဒေါ်လာ ၇၀၀၀ဖိုးရှိသောလက်နက် များ ၀ယ်ယူထားကြောင်း အစိုးရှေ့နေများက စွဲချက်တင်ထားသည်။

ယင်းအမှု သည်စစ်ဘက်နှင့် ပတ်သက်မှု ရှိသော်လည်း တရားစွဲဆို ခံထားရ သူ တပ်ဖွဲ့ဝင်များအားအရပ်ဘက်တရားရုံးက
စစ်ဆေးမေးမြန်းနေကြောင်းသိရသည်။

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post