ရမ်းဗြဲ-သံတွဲ လမ်းတွင် ကားတစ်စီးတိမ်းမှောက်



    
93 ks - 2007 Mazda Demio 1300 CC 
09 421117099

2007 Mazda Demio, 1300 CC, TV, မှန်ကာလာ၊ နောက်စပွိုင်လာပါ၊
ကီလို ၄၀၀၀၀ ကျော်သာရှိသေးသည်၊ ကားသန့်သည်၊ ပိုင်ရှင်ကိုယ်တိုင်ရောင်းမည်၊
၃င/ - - - - ထွက်ပြီး၊ အုံနာဘုတ်ထွက်ပြီး၊

ရမ်းဗြဲ-သံတွဲ လမ်းတွင် ကားတစ်စီးတိမ်းမှောက် မှုတွင် မည်သည့်အတွက် ကြောင့် ကမန်လူမျိုးများဖြစ်နေသနည်း

ရမ်းဗြဲ-သံတွဲ လမ်းတွင် ဧပြီ ၂၇ရက် ၊နေ့ နံနက် ၅ နာရီ ၅၀ မိနစ်အချိန်၌
သံတွဲမြို့နယ်၊အောက်နတ်မော်အုပ်စု၊ ကျောင်းကုန်းကျေး ရွာ
တောင်ကုတ်-သံတွဲကားလမ်း ပေါ်ရှိ မိုင်တိုင်အမှတ် ၂၇/၃နှင့် ၂၇/ ၂ ကြားရှိတံတားအမှတ် ၅/၂၈ ဂျင်ချောင်းတံတား ဘောင်အားတိုက်မိကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

ထိုတိမ်းမှောက်မှုတွင် ကမန်လူမျိုးများသာဖြစ်နေခြင်းသည် လ၀က များအားငွေပေးပြီး သွားနေကျအတိုင်း ထိုသို့ခိုးထွက်နေခြင်းများသာ ဖြစ် ပြီး ယခင်ကလည်း ရာနှင့်ချီသော ကမန်များကို ပို့ဆောင်နေခဲ့ခြင်းများရှိ နေကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။

ယခုအခါ သံတွဲ၊ရွှေလှေရဲစခန်းမှ ယာဉ်မောင်း ကိုသန်းဗိုလ်အား အမှုအမှတ်
ယာဉ်(ပ)-၁/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၃၃၇၊၃၃၈၊၃၀၄(က)အရ အရေးယူဆောင်ရွက်လျက်ရှိ သလို၊ သံတွဲမြို့နယ် လ၀က မှလည်း ဦးဝင်းဌေးအပါအ၀င်ခရီးသည်များအား လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးလျက်ရှိကြာင်း သိရသည်။

ယင်းအတွက် ရခိုင်ပြည်နယ်အတွင်းမှ ထိုသို့ တရားမ၀င်ခိုးထုတ်နေခြင်း များတွင် မည်သူများပါဝင်သည်ကိုသိရှိရန်လိုအပ်ကြောင်းလည်းသိရသည်။
ရခိုင်ပြည်နယ်အတွက် ကောင်းသောလုပ်ရပ်များဖြစ်သော်လည်း လဒ်စားခြင်းများတွင်မည်သူတို့ အဓိက ပါဝင်သည်ကို လေ့လာရန်လိုအပ် ပြီး အရေးယူပေးရန် လိုအပ်ကြောင်းလည်း ဒေသခံများက ပြောပါသည်။  
RSV

SHARE THIS
Previous Post
Next Post