သောက်သုံး ရေ ပြတ်လပ်မှု ကြုံတွေ့ နေရသော ကျေးရွာ များတွင် နယ်မြေခံ တပ်မတော်သား များက သောက်သုံး ရေများ ဖြန့်ဝေ လှူဒါန်း

 နေပြည်တော်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ သောက်သုံးရေ ရှားပါးလျက် ရှိသော ကျေးရွာများအား နယ်မြေခံ တပ်မတော်သား များက ဧပြီ ၂၇ ရက်တွင် ရေသယ်ယာဉ် များဖြင့် သောက်သုံးရေ ဖြန့်ဝေပေးလျက် ရှိရာ နန်းသြကျေးရွာ အုပ်စု၊ နန်းသြ ကျေးရွာနှင့် ဒိုးပင်ခုံကျေး ရွာတို့အား အိမ်ထောင်စု တစ်စုလျှင် ရေ ၁ဝ ဂါလန်နှုန်းဖြင့် သောက် သုံးရေ စုစုပေါင်း ဂါလန် ၆၇ဝဝ အား လည်းကောင်း၊ ရေဆင်းကျေး ရွာအုပ်စု၊ ကန်သာအေး ကျေးရွာ ၊ အောင်ချမ်းသာ ကျေးရွာနှင့် ချောင်းဖျားကျေးရွာ တို့သို့ ၂ဝ လီတာ ဆံ့ရေသန့်ဘူး ၁၇၅ ဘူးအား လည်းကောင်း၊ ပျဉ်းမနား အရှေ့ခြမ်း တောင်ပေါ်ဒေ သ ကျောက်ဖျာကျေးရွာသို့ သောက်သုံးရေ ဂါလန် ၁ဝဝဝ အားလည်းကောင်း၊ ခေတ်အေး ကျေးရွာနှင့် ရင်ကွဲ ပင် ကျေးရွာတို့သို့ သောက်သုံးရေဂါလန် ၁၁ဝဝဝ အားလည်းကောင်း အသီးသီး ဖြန့် ဝေ ပေးခဲ့သည်။
အလားတူ ဧပြီ ၂၈ ရက်တွင် ဇေယျာသီရိ မြို့နယ် လေသာတောင် ကျေးရွာသို့ သောက်သုံးရေ ဂါလန် ၂၂ဝဝ အား လည်းကောင်း၊ တပ်ကုန်းမြို့နယ် ဝက်ခြံရိုး ကျေးရွာသို့ သောက်သုံးရေ ဂါလန် ၅ဝဝ အား လည်းကောင်း အသီးသီး ဖြန့်ဝေ ပေးခဲ့သည်။
အဆိုပါ သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရသော ကျေးရွာများသို့ သောက်သုံးရေ လိုအပ်ချက်ပေါ် မူတည်၍ မိုးရွာသွန်းပြီး ရေပြန်လည် ရရှိသည် အထိ နယ်မြေခံ တပ်မတော်သားများက ဆက်လက် ပေးပို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

http://bit.ly/186DQQz

SHARE THIS
Previous Post
Next Post