စစ်တွေမြို့ရှိ မေတ္တာဝတီမျက်မမြင်ပညာသင်ကျောင်းမှ မျက်မမြင်ကျောင်းသားသစ်များအတွက် အခြေခံမျက်မမြင်စာအရေး၊ အဖတ်တို့အား တစ်လကြိုတင်သင်ကြားပေးမည်


ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မေတ္တာဝတီမျက်မမြင်ပညာသင်ကျောင်းမှ မျက်မမြင်ကျောင်းသားသစ်များ အတွက် အခြေခံမျက်မမြင်စာအရေး၊ အဖတ်တို့အား တစ်လကြိုတင်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်အတွင်း မေတ္တာဝတီမျက်မမြင် ပညာသင်ကျောင်း၌တက်ရောက်သင်ကြား ကြမည့်ကျောင်းသားသစ်များအနေဖြင့် ဇွန်လအတွင်းဖွင့်လှစ်သင်ကြားပေးမည့် အခြေခံပညာသင်ကျောင်းများ တွင် အချိန်မီတက်ရောက်ပညာသင်ယူနိုင်ရန်အတွက် မျက်မမြင်စာအရေး၊ အဖတ်တို့အား ယခုကဲ့သို့ တစ်လ ကြိုတင်ကာ သင်ကြားပေးရန်စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့သင်ကြားပေးနိုင်ရန်အတွက် မေလ ၁ ရက်နေ့မှစတင်ကာ အဆိုပါမျက်မမြင်ကျောင်းမှ ကျောင်းသားသစ်များအား လက်ခံခေါ်ယူနေပြီဖြစ်ကြောင်းနှင့် လက်ရှိတွင် အဆိုပါကျောင်း၌ ကျောင်းသူ၊ ကျောင်းသား ၁၁ ယောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မျက်မမြင်များအား လူတစ်လုံးသူတစ်လုံးဖြစ်လာစေရန်နှင့် ဘဝကိုအရှုံးမပေး ဘဲ ကြိုးစားချင်စိတ်ရှိလာစေရန်အတွက် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ၊ ရန်တားရပ်ကွက်နေ မျက်မမြင်ဦးကျော်ကျော်ဝင်းဦးစီး၍ အဆိုပါမေတ္တာဝတီမျက်မမြင်ပညာသင်ကျောင်းကို ၂၀၀၉ ခုနှစ်၊ ဒီဇင် ဘာလ ၂၀ ရက်နေ့တွင် စစ်တွေမြို့၊ လမ်းမကြီးရှိ မဟာကုသလကျောင်းတော်ကြီးခြံဝင်းအတွင်းတွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ အသက် ၆ နှစ်မှ ၂၅ အရွယ်မျက်မမြင်များအား မျက်မမြင် စာအရေးအဖတ်တို့အပြင် သက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်သည့် ဂျပန်-မြန်မာအကြောအနှိပ်ပညာ၊ ကြိမ်ဝါးလက်မှုပညာနှင့် ဂီတပညာတို့ကို အခမဲ့တာဝန်ယူသင်ကြားပေးလျက်ရှိပြီး ယင်းတို့၏စားရေး၊ သောက် ရေး၊ နေရေးထိုင်ရေးနင်္ှဲင့် ကျန်းမာရေးတို့အား ကျောင်းမှအခမဲ့စီစဉ်ပေးကြောင်း သိရသည်။
စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှစ၍ ယနေ့အထိ အဆိုပါကျောင်း၏ရန်ပုံငွေအား ပုဂ္ဂလိကအလှူရှင်များ၏ ထောက်ပံ့ငွေများဖြင့်သာရပ်တည်နေရပြီး ပွင့်လင်းရာသီများတွင် ကျောင်းအုပ်ကြီးဦးကျော်ကျော်ဝင်းဦးစီးပြီး မျက်မမြင်ကျောင်းသူ၊ ကျောင်းသားများနှင့်အတူ ရခိုင်ပြည်နယ်အတွင်း မြို့နယ်တစ်ချို့ရှိ ကျေးရွာများသို့ သွားရောက်ဖြေဖျော်ကာ ကျောင်းအတွက်ရန်ပုံငွေရှာဖွေနေရသည်။

စေတနာရှင်အလှူရှင်များအနေဖြင့် တစ်ရက်လုံး (နံနက်စာနှင့် ညနေစာ)အတွက် တစ်ရက်လျှင် ငွေကျပ် ၁ သောင်းခွဲကျပ်ဖြင့် အဆိုပါကျောင်းတွင် ထမင်းကျွေးမွေးနိုင်ပြီး မိမိတို့၏အလှူမင်္ဂလာပွဲများ၊ မင်္ဂလာ လက်ခံပွဲများ မွေးနေ့အထိမ်း အမှတ်နေ့များတွင်လည်း ကျွေးမွေးနိုင်ကြောင်းနှင့် ကျောင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဦးကျော်ကျော်ဝင်း(ကျောင်းအုပ်ကြီး၊ မေတ္တာဝတီ မျက်မမြင်ပညာသင်ကျောင်း၊ ဖုန်း-ဝ၉၄၂၁၇၁၂၇၂ဝ)ထံ ဆက်သွယ်စုံစမ်းနိုင်သည်။

ဓာတ်ပုံ - မေတ္တာဝတီမျက်မမြင်ပညာသင်ကျောင်း
RSV

RSV

စစ်တွေမြို့ရှိ မေတ္တာဝတီမျက်မမြင်ပညာသင်ကျောင်းမှ မျက်မမြင်ကျောင်းသားသစ်များအတွက် အခြေခံမျက်မမြင်စာအရေး၊ အဖတ်တို့အား တစ်လကြိုတင်သင်ကြားပေးမည်
---------------------------------------------------

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မေတ္တာဝတီမျက်မမြင်ပညာသင်ကျောင်းမှ မျက်မမြင်ကျောင်းသားသစ်များ အတွက် အခြေခံမျက်မမြင်စာအရေး၊ အဖတ်တို့အား တစ်လကြိုတင်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်အတွင်း မေတ္တာဝတီမျက်မမြင် ပညာသင်ကျောင်း၌တက်ရောက်သင်ကြား ကြမည့်ကျောင်းသားသစ်များအနေဖြင့် ဇွန်လအတွင်းဖွင့်လှစ်သင်ကြားပေးမည့် အခြေခံပညာသင်ကျောင်းများ တွင် အချိန်မီတက်ရောက်ပညာသင်ယူနိုင်ရန်အတွက် မျက်မမြင်စာအရေး၊ အဖတ်တို့အား ယခုကဲ့သို့ တစ်လ ကြိုတင်ကာ သင်ကြားပေးရန်စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့သင်ကြားပေးနိုင်ရန်အတွက် မေလ ၁ ရက်နေ့မှစတင်ကာ အဆိုပါမျက်မမြင်ကျောင်းမှ ကျောင်းသားသစ်များအား လက်ခံခေါ်ယူနေပြီဖြစ်ကြောင်းနှင့် လက်ရှိတွင် အဆိုပါကျောင်း၌ ကျောင်းသူ၊ ကျောင်းသား ၁၁ ယောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မျက်မမြင်များအား လူတစ်လုံးသူတစ်လုံးဖြစ်လာစေရန်နှင့် ဘဝကိုအရှုံးမပေး ဘဲ ကြိုးစားချင်စိတ်ရှိလာစေရန်အတွက် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ၊ ရန်တားရပ်ကွက်နေ မျက်မမြင်ဦးကျော်ကျော်ဝင်းဦးစီး၍ အဆိုပါမေတ္တာဝတီမျက်မမြင်ပညာသင်ကျောင်းကို ၂၀၀၉ ခုနှစ်၊ ဒီဇင် ဘာလ ၂၀ ရက်နေ့တွင် စစ်တွေမြို့၊ လမ်းမကြီးရှိ မဟာကုသလကျောင်းတော်ကြီးခြံဝင်းအတွင်းတွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ အသက် ၆ နှစ်မှ ၂၅ အရွယ်မျက်မမြင်များအား မျက်မမြင် စာအရေးအဖတ်တို့အပြင် သက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်သည့် ဂျပန်-မြန်မာအကြောအနှိပ်ပညာ၊ ကြိမ်ဝါးလက်မှုပညာနှင့် ဂီတပညာတို့ကို အခမဲ့တာဝန်ယူသင်ကြားပေးလျက်ရှိပြီး ယင်းတို့၏စားရေး၊ သောက် ရေး၊ နေရေးထိုင်ရေးနင်္ှဲင့် ကျန်းမာရေးတို့အား ကျောင်းမှအခမဲ့စီစဉ်ပေးကြောင်း သိရသည်။
စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှစ၍ ယနေ့အထိ အဆိုပါကျောင်း၏ရန်ပုံငွေအား ပုဂ္ဂလိကအလှူရှင်များ၏ ထောက်ပံ့ငွေများဖြင့်သာရပ်တည်နေရပြီး ပွင့်လင်းရာသီများတွင် ကျောင်းအုပ်ကြီးဦးကျော်ကျော်ဝင်းဦးစီးပြီး မျက်မမြင်ကျောင်းသူ၊ ကျောင်းသားများနှင့်အတူ ရခိုင်ပြည်နယ်အတွင်း မြို့နယ်တစ်ချို့ရှိ ကျေးရွာများသို့ သွားရောက်ဖြေဖျော်ကာ ကျောင်းအတွက်ရန်ပုံငွေရှာဖွေနေရသည်။

စေတနာရှင်အလှူရှင်များအနေဖြင့် တစ်ရက်လုံး (နံနက်စာနှင့် ညနေစာ)အတွက် တစ်ရက်လျှင် ငွေကျပ် ၁ သောင်းခွဲကျပ်ဖြင့် အဆိုပါကျောင်းတွင် ထမင်းကျွေးမွေးနိုင်ပြီး မိမိတို့၏အလှူမင်္ဂလာပွဲများ၊ မင်္ဂလာ လက်ခံပွဲများ မွေးနေ့အထိမ်း အမှတ်နေ့များတွင်လည်း ကျွေးမွေးနိုင်ကြောင်းနှင့် ကျောင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဦးကျော်ကျော်ဝင်း(ကျောင်းအုပ်ကြီး၊ မေတ္တာဝတီ မျက်မမြင်ပညာသင်ကျောင်း၊ ဖုန်း-ဝ၉၄၂၁၇၁၂၇၂ဝ)ထံ ဆက်သွယ်စုံစမ်းနိုင်သည်။

ဓာတ်ပုံ - မေတ္တာဝတီမျက်မမြင်ပညာသင်ကျောင်း။

SHARE THIS
Previous Post
Next Post