ဗဟန်းမြို့နယ် ရွှေဂုံတိုင် ကမ္ဘောဇဘဏ်အနီးမီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွား

ဗဟန်းမြို့နယ် ရွှေဂုံတိုင် ကမ္ဘောဇဘဏ်အနီး ရွှေဂုံတိုင်တာဝါ အနောက်ဘက်ရှိ နေအိမ်တစ်လုံးတွင် ယနေ့ နံနက် ၆ နာရီခွဲ ခန့်မှစ၍ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားနေပြီး လက်ရှိအချိန်တွင် မီးသတ်တပ်ဖွဲ့ဝင်များမှ ဆက်လက် မီးငြိမ်းသတ်ဆဲဖြစ်ကာ မီးလောင်ကျွမ်းမှု အကြောင်းအရင်းကိုမူ မသိရသေးပေ။

မီးလောင်ကျွမ်းမှု ဖြစ်ပွားသည့်နေရာမှာ အမှတ် ၅၄၊ ကိုယ်မင်းကိုယ်ချင်း ရပ်ကွက်၊ ဗဟန်းမြို့နယ်ရှိ RC ၂ ထပ်တိုက် ဖြစ်ပြီး နံနက် ၆ နာရီ မိနစ် ၄၀ အချိန်တွင် မီးသတ်ရုံးမှ စတင်သတင်းရရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို အုပ်ချုပ်မှုယာဉ် ၇ စီး၊ ထောက်ကူပြုယာဉ် ၂ စီး၊ မီးသတ်ယာဉ် ၄၁ စီးဖြင့် ငြိမ်းသတ်ခဲ့ကာ နံနက် ၇ နာရီ ၁၀ မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၇ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှု အကြောင်းအရင်းမှာ နေအိမ်အပေါ်ထပ်တွင် အမွှေးတိုင်ထွန်းရာမှ ဆိုဖာပေါ်သို့ မီးစကျပြီး စတင်လောင် ကျွမ်းခြင်းဖြစ်ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
Myawady News

အေပြီ ၂၉ ရက် ၂၀၁၃

SHARE THIS
Previous Post
Next Post