ရခိုင်ပြည်နယ် ဝန်ကြီး ခန့်အပ် တာဝန်ပေး
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
(အမိန့်အမှတ်၊ ၁၃/၂ဝ၁၃)
၁၃၇၄ ခုနှစ်၊ တပေါင်း လပြည့်ကျော် ၇ ရက်
(၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၂ ရက်)
ရခိုင်ပြည်နယ် ဝန်ကြီး ခန့်အပ် တာဝန် ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မခွဲ (စ)၊ ပုဒ်မ
၂၆၄၊ ပုဒ်မခွဲ (ဂ)၊ ပြည်ထောင်စုအစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)၊
ပုဒ်မ ၈၂၊ ပုဒ်မခွဲ (ဂ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့
ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က)တို့ပါ
ပြဋ္ဌာန်းချက်များအရ ဘူးသီးတောင် မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ ပြည်နယ်
လွှတ်တော် ကိုယ်စားလှယ် ဦးမောင်စန်ရွှေအား ရခိုင်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်
ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ် တာဝန် ပေးလိုက်သည်။
(ပုံ) သိန်းစိန်
နိုင်ငံတော် သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
http://bit.ly/Z0vEu7