Wednesday, April 3, 2013
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ပါရဂူဘော်ဒါဆောင်တွင် ကျောင်းသူတဦး ရိုက်နှိက်ဆုံးမခံရမှုအပေါ် ကျောင်းသူ၏ မိဘများက မကျေနပ်သဖြင့် ဆရာနှင့် မိဘအကြား တရားစွဲဆိုအမှုအခင်းဖြစ်ပွား
ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပါရဂူဘော်ဒါဆောင်မှ ဆရာတဦးဖြစ်သူ ဦးစန်းမြင့်ထွန်းက တက္ကသိုလ်ဝင်တန်း ကျောင်းသူ တဦးဖြစ်သူ မဖြူဖြူသွင်စိုးနိုင်ကို ကျောင်းက စစ်ဆေးမေးမြန်းသော စာမေးပွဲကို အချိန်ပြည့် ဖြေဆိုခြင်း မပြုသည့် အတွက် ကြောင့် ဟုဆိုကာ ရိုက်နှက် ဆုံးမခဲ့ကြောင်း၊ ယင်းသို့ ရိုက်နှက်ရာတွင် ကျောင်းသူ၏ ကျောပြင်တခုလုံးတွင် အရှိုးရာများ ပြည့်နှက် နေပြီး အပေါ်ယံ အရေပြားများ ကွဲပြဲ ထွက်သွားသဖြင့် ဇီးကုန်းတိုက်နယ်ဆေးရုံတွင်
“ကျနော့် ညီမ အပါအဝင် ကျောင်းသူ ၄ ယောက်ကို စာမေးပွဲ အချိန်ပြည့်အောင် မဖြေဘဲ ၁၅ မိနစ်စောပြီး ဆင်းတဲ့အတွက် ကျောင်း စောစော ဆင်းလာလို့ဆိုပြီး ဘော်ဒါဆောင်က ဆရာက ကြိမ်လုံးနဲ့ ရိုက်တယ်။ တခြားကျောင်းသူတွေ တော့ မသိဘူး။ ညီမလေး ကတော့ ကျောတပြင်လုံး အရှိုး ရာတွေ အပြင်ကို ကျောပေါ်က အရေပြား ၁ ပေလောက် ကွဲသွား တယ်။ဖုန်းဆက်ပြီး ကျနော့် ညီမကို ဘာအပြစ်ကြောင့် ရိုက်တယ်ဆိုတာ သိချင်လို့ပါလို့ မေးတော့ စာမေးပွဲခန်းထဲက ၁၅ မိနစ် စောထွက်လာလို့ဆိုပြီး ဖြေတယ်။ ဒါနဲ့ အကျိုးအကြောင်းသင့်ပြောပြီး
ကျောင်းသူ ရိုက်နှက်ဆုံးမခံရမှုအပေါ် မဖြူဖြူသွင်စိုးနိုင်၏ မိဘများက မကျေနပ်သည့်အတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဇီးကုန်းမြို့နယ် ရဲစခန်းနှင့် မြို့နယ်ပညာရေးမှူးတို့ထံသု
သာမန်နာကျင်စေမှု ပုဒ်မ ၃၂၃ အရ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ခြောက်လ(သို့မဟုတ်) ငွေဒဏ် ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရှိရသည်။
သို့ရာတွင် ဇီးကုန်းမြို့နယ်တွင် အကြမ်းဖက်လူအုပ်စုများက ဘာသာရေး အဆောက်အအုံနှင့် နေအိမ်များဖျက်ဆီးမှု များရှိနေသည့်အတွက် ဒေသခံအာဏာပိုင်များက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားချိန်နှင့်တိုက်
ကျောင်းသူရိုက်နှက်ခံရမှုနှင
ပါရဂူဘော်ဒါဆောင်ဘက်မှ အမှုလိုက်ပါဆောင်ရွက်နေသော ရှေ့နေ ဦးသန်းဝင်းက မိမိတို့အနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တရားနိုင်လျှင်လည်း ဥပဒေနဲ့ အညီအနိုင်ရမည်ဖြစ်ပြီး ရှုံးနိမ့်မည် ဆိုပါကလည်း ဥပဒေနှင့်အညီ ရှုံးနိမ့်ခြင်းသာ ဖြစ်လိုကြောင်း ဆိုသည်။
“ကျောမှာ ၁ ပေ လောက်ကွဲသွားတာတော့ မသိဘူး။ ဆေးစာမှာလည်း မပါဘူး။ ဆေးစာထဲမှာ ဖူးယောင်ပြီး ပေါက်ပြဲတယ် လို့ပဲ ဖော်ပြထားတာ။ ဓါတ်ပုံကလည်း တရားဝင်မဟုတ်ဘူး။ ဖလင်ကင်မရာနဲ့ ရိုက်ထားတယ်ဆိုရင် လက်ခံတယ်။
ဒစ်ဂျစ်တယ်ကင်မရာနဲ့ ဆိုရင်တော့ ကွန်ပျူတာ Effect တွေ ထည့်လို့ရလို့ ကျနော် လက်မခံဘူး”ဟု ရှေ့နေ ဦးသန်းဝင်းက ဆိုသည်။
ဇီးကုန်းမြို့နယ်ပညာရေးမှူး
အခြေခံပညာရေးစနစ်တွင် ကျောင်းသူကျောင်းသားများကို
ကျောင်းသားကျောင်းသူများကို
ပုဂ္ဂလိကကျောင်းနည်းဥပဒေ၊ ပုဒ်မ ၁၈ (ဃ)တွင် ကျောင်းသား၊ ကျောင်းသူများကို အတင်းအကျပ်ခိုင်းစေခြင်း၊ ပိတ်လှောင်ခြင်း၊ ပြင်းထန်စွာ အပြစ်ပေးခြင်းမပြုရန် (သို့မဟုတ်) မပြုစေရန် ကြပ်မတ်ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထား ကြောင်း သိရှိရသည်။
ဧရာဝတီ
တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုပြီး ထွက်လာသည့် ကျောင်းသားများကို ရန်ကုန်မြို့လယ်ရှိ ကျောင်းတကျောင်းတွင် မတ်လ ၁၈ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)