မာလီနိုင်ငံ တင်ဘက်ခ်တူမြို့တွင် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိ

မာလီ တပ်ဖွဲ့ဝင်များနှင့် သူပုန်များ အကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများတွင် မာလီတပ်များအား အကူအညီ ပေးရန်အတွက်ပြင်သစ်တိုက်လေယာဉ် များက နိုင်ငံမြောက်ပိုင်း ဒေသများတွင် ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်လက် တိုးမြှင့် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ဘာမာကိုမြို့ မြောက်ပိုင်း ၁ဝဝဝ ကီလိုမီတာ အကွာရှိ တင်ဘက်ခ်တူမြို့ တွင် မတ် ၃၁ ရက်က တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားခဲ့ရာ မာလီတပ်ဖွဲ့ဝင် တစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး လေး ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မာလီအစိုးရ အဖွဲ့၏ ပြောကြားချက်အရ သိရသည်။

ပဋိပက္ခဖြစ်ပွားစဉ် ပြည်တွင်းသူပုန် တပ်ဖွဲ့ဝင် ၂၁ ဦး သေဆုံးခဲ့ကြောင်း မတ် ၃၁ ရက် ညနေက ထုတ်ပြန်သော မာလီအစိုးရအဖွဲ့၏ တရားဝင်ထုတ် ပြန်ချက်တွင် ပြောကြားထားသည်။

မာလီ တပ်ဖွဲ့ဝင်များကို အာရုံပြောင်း စေရန်အတွက် ပြုလုပ်ခဲ့သော ကားဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မတ် ၃ဝ ရက် ညက တိုက်ခိုက်မှုများ စတင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယင်းကား ဗုံးခွဲတိုက်ခိုက် မှုသည် သူပုန်များအား တင်ဘက်ခ်တူ မြို့သို့ ဝင်ရောက်ရန်အတွက် အခွင့် အလမ်းဖြစ်ပေါ်စေခဲ့ကြောင်း မာလီတပ်ဖွဲ့မှ အရာရှိတစ်ဦးဖြစ်သူ မိုဒီဘိုနာ မန်တရာရီက ပြောကြားခဲ့သည်။

ပြင်သစ် အစိုးရသည် ဇန်နဝါရီလက မာလီနိုင်ငံအတွင်း ထိုးစစ်ဆင်မှု တစ်ရပ် စတင်ခွင့်ပြုခဲ့သည့် အချိန်မှစ၍ သူပုန်များနှင့် ပြင်သစ် ထောက်ပံ့ပေးသော မာလီ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
မြ၀တီ

http://bit.ly/13Qe2sN

SHARE THIS
Previous Post
Next Post