" ဂီရောက်၏အနီကတ်ပြစ်ဒဏ်အတွက် စောဒကတက်စရာမရှိကြောင်း အာစင်ဝင်းဂါးပြောကြား "

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ပြီးခဲ့သည့် စနေနေ့ က ဖူလ်ဟမ်အသင်းအား (1-0)ဂိုးဖြင့် အနိုင်ရခဲ့သောပွဲစဉ်တွင် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသော တိုက်စစ်မှူး ဂီရောက်၏ အနီကတ်ပြစ်ဒဏ် အတွက်စောဒကတက်စရာ မရှိကြောင်းထုတ်ဖော်ပြောကြားလိုက်သည်။ ဂီရောက် သည် ဖူလ်ဟမ်ညာနောက်ခံလူ မာနိုလဗ်ကို ကြမ်းတမ်းစွာဖျက် ထုတ်ကစားခဲ့မှုကြောင့် အနီကတ်ပြသခံခဲ့ရခြင်လည်းဖြစ်သည်။ ၀င်းဂါးသည် ဂီရောက်၏ အပြစ်ဒဏ်ကို လက်ခံခဲ့သောကြောင့် အယူခံဝင်သွားမည်မဟုတ်ကြောင်းသိရှိရသည်။ သို့ဖြစ်သောကြောင့် ဂီရောက်သည် သုံးပွဲပယ်ပြစ်ဒဏ်ကို ကျခံသွားရမည်လည်းဖြစ်သည်။ ပြင်သစ်လက်ရွေးစင် ဂီရောက်သည် ယခုနှစ်ရာသီတွင် အာဆင်နယ် အသင်းအတွက် 33 ပွဲကစားကာ 11 ဂိုးသွင်းယူထားသည်။

အာစင်ဝင်းဂါးက " ဂီရောက်ရဲ့ အနီကတ်ပြစ်ဒဏ်ဟာထိုက်တန်ပါတယ်။ ကျွန်တော်ဂီရောက်နဲ့စကားပြောပြီးသွားပါပြီ။သူက ဘောလုံးလုရင်းမတော်တဆဖြစ်သွားတာလို့ ကျွန်တော့်ကိုပြောပါတယ်။ ကျွန်တော် ဂီရောက်ကိုထုတ်ပယ်ခဲ့တဲ့ ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို စောဒကတက်ဖို့ မရှိပါဘူး။ဂီရောက် ဟာပွဲပယ်ခံရတော့မှာမို့ သူမပါတဲ့ အသင်းတိုက်စစ် အတွက် ကျွန်တော်ကြိုးစားပြီးဖြေရှင်းသွားမှာပါ။ ဂီရောက် ရဲ့ အဖြစ်မျိုးကဖြစ်လေ့ရှိပါတယ်" ဟုပြောကြားသွားခဲ့သည်။

Myanmar Arsenal Fans Page

~chan mon~

source:goal.com

SHARE THIS
Previous Post
Next Post