“QPR သို့ အပြောင်းအရွှေ့အပေါ် ခရစ်ဆမ်ဘာ ဖွင့်ဟ”

ပေါင်စတာလင် (၁၂)သန်းမျှ ပြောင်းရွှေ့ကြေး ပေးရသလို တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)ဝန်းကျင်ထိ ပေးချေရသော ကစားသမားသည် QPRကို အတိုင်းအတာ တစ်ခုထိ ဆွဲတင်နိုင်မည်ဟု ပရိသတ်များက မျှော်လင့်ခဲ့သော်လည်း အသင်းမှာ ရာသီမကုန်မီ တန်းဆင်းသွားခဲ့သည်။
မိမိအနေဖြင့် QPRအသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ရာတွင် ကြိုတင် ပြင်ဆင်မှု လုံလောက်စွာ မရှိခဲ့ဟု နောက်ခံလူ ခရစ်ဆမ်ဘာက ဝန်ခံ ပြောကြားလိုက်သည်။ ရာသီအစ ကတည်းက ပရီးမီးယားလိဂ်တွင် ရုန်းကန်ခဲ့ရသော လန်ဒန်ကလပ်သည် ကွန်ဂို လက်ရွေးစင် ခံစစ်မှူး ဆမ်ဘာကို ဇန်နဝါရီ ဈေးကွက် ကာလတွင် အားကိုးတကြီး ခေါ်ယူခဲ့သည်။ ပေါင်စတာလင် (၁၂)သန်းမျှ ပြောင်းရွှေ့ကြေး ပေးရသလို တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)ဝန်းကျင်ထိ ပေးချေရသော ကစားသမားသည် QPRကို အတိုင်းအတာ တစ်ခုထိ ဆွဲတင်နိုင်မည်ဟု ပရိသတ်များက မျှော်လင့်ခဲ့သော်လည်း အသင်းမှာ ရာသီမကုန်မီ တန်းဆင်းသွားခဲ့သည်။


ဘလက်ဘန်းရိုဗာနှင့်အတူ ခြေစွမ်းပြ ကစားဖူးသည့် ဆမ်ဘာက ဇန်နဝါရီတွင် QPRသို့ အလောတကြီး ပြောင်းခဲ့မှုတွင် မိမိအနေဖြင့် အဆင်သင့် မရှိခဲ့ဟု ယခုအခါ ထုတ်ဖော် ဖွင့်ဟလာခဲ့သည်။ "တန်းဆင်းရတယ် ဆိုတာက ကြီးမားတဲ့ ရှုံးနိမ့်မှု ခံစားချက်မျိုးကို ဖြစ်လာစေပါတယ်။ ကျွန်တော်တို့ ကစားသမားတွေ အားလုံးလိုလိုက အသင်းကို ကူညီဖို့ ရည်စူးခဲ့တာပါ။ အသင်းမှာ လူကောင်းတွေ ရှိပါတယ်။ အသင်းပိုင်ရှင် တိုနီ ဖာနန်ဒက်စ်ဟာ အလုပ်တွဲလုပ်ရတာ သိပ်ကောင်းတဲ့ ပုဂ္ဂိုလ်ပါ။ QPRကို ကြီးမားတဲ့ အသင်းတစ်ခု ဖြစ်လာဖို့ သူပြောင်းလဲချင်ခဲ့တယ်။ ဒါပေမဲ့ လက်တွေ့ ဖြစ်မလာခဲ့ဘူး။ အနာဂတ်အတွက် ကျွန်တော်တို့ အားတင်းထားဖို့ လိုပါတယ်။ ကလပ်အတွက် ထိုက်တန်တဲ့ အရာကို ပြန်ယူဖို့ ကြိုးစားရပါမယ်"ဟု ဆမ်ဘာက ပြောဆိုခဲ့သည်။


၎င်းက "ကျွန်တော့် တစ်ဦးတည်း ခြေစွမ်းနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ပရီးမီးယားလိဂ်ကို ပြန်လာကစားဖို့ ဆုံးဖြတ်ချိန်မှာ ကျွန်တော် ကောင်းကောင်း ပြင်ဆင်ချိန် မရှိလိုက်ဘူး။ ပရီးမီးယားလိဂ်ဟာ ကြံ့ခိုင်မှု အပိုင်းအရ အခက်ခဲဆုံး လိဂ်ပြိုင်ပွဲပါ။ တကယ်တမ်း ပြိုင်ပွဲဝင်နိုင်စွမ်း ရှိဖို့အတွက် ကျွန်တော် အပြည့်အဝ ကြံ့ခိုင်နေဖို့ လိုပါတယ်။ ဖြစ်ခဲ့တာတွေကတော့ ပြီးသွားပါပြီ။ တကယ်တော့ QPRအနေနဲ့ အခြေအနေဆိုးက ရုန်းထွက်ဖို့ အခွင့်အလမ်း တော်တော်များများ ရခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီသဘောသဘာဝက ဘောလုံးမှာ ကြုံရတတ်ပါတယ်"ဟုလည်း ညည်းညူသွားသည်။
QPR သို့ အပြောင်းအရွှေ့အပေါ် ခရစ္ဆမ္ဘာ ဖြင့္ဟ


Planet Myanmar Network

SHARE THIS
Previous Post
Next Post