ရခိုင်ပြည်နယ် ရမ်းဗြဲမြို့၌ ဓားထိုးမှု ဖြစ်ပွား



ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ အမှတ်(၅) ရပ်ကွက် လောင်းချောင်း ရပ်ကွက်နေ ဦးငမဲ ၆ဝ နှစ် (ဘ)ဦးငမှိုင်းနှင့် ဦးမောင်ဖိုးခင်၊ ဦးစံရွှေမောင် တို့သည်

မေ ၉ ရက် ညနေ ၆ နာရီက အရက် အတူထိုင် သောက်နေကြစဉ် မောင်လှရီ ၄၆ နှစ် (ဘ)ဦးမောင်ကြီး ရောက်ရှိလာပြီး လွန်ခဲ့သော တစ်လခန့်က ၎င်းအား ဦးငမဲက ပါးရိုက် ခဲ့သည်ကို မကျေနပ်၍ စကားများ ကြပြီး ဦးငမဲနှင့် မောင်လှရီတို့ လုံးထွေး သတ်ပုတ်ကြရာ ဦးငမဲက အသင့် ပါလာသော ဓားမြှောင်နှင့် ထိုး၍ မောင်လှရီ၏ ဝဲဘက် လက်ဖျံ ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲဘက်နံဘေး ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ဝဲဘက်ဒူးဆစ် အထက် ပြတ်ရှဒဏ်ရာ တစ်ချက်တို့ ရရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးငမဲအား ရမ်းဗြဲ ရဲစခန်းမှ (ပ)၃၂/၂ဝ၁၃ ပြစ်မှုပုဒ်မ ၃၂၆ အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

http://bit.ly/ZZxfVx

SHARE THIS
Previous Post
Next Post