နှစ်နိုင်ငံ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ မြန်မာ လုပ်သား စေလွှတ်မှု သုံးနှစ်တာ ကာလအတွင်း ငါးသောင်း ကျော်ခန့် ရှိလာ

မြန်မာ-ထိုင်းနှစ်နိုင်ငံ အစီအစဉ်ဖြင့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ၆ဝ ကျော်မှ ထိုင်းနိုင်ငံသို့ မြန်မာလုပ်သား စေလွှတ်မှုမှာ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၃ ခုနှစ်အထိ သုံးနှစ် တာ ကာလအတွင်း ငါးသောင်းကျော် အထိ ရှိလာပြီ ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ များမှ တစ်ဆင့် သိရသည်။

ထိုင်းနိုင်ငံ အတွင်း နှစ်နိုင်ငံ နယ်နိမိတ် ထိစပ် ဒေသများမှ တစ်ဆင့် မြန်မာ ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်၍ အလုပ် လုပ်ကိုင်လျက် ရှိရာ မြန်မာ ရွှေ့ပြောင်း လုပ်သား အင်အားမှာ သုံးသန်းနီးပါး ဖြစ်လာခဲ့ပြီ ဖြစ်ပြီး မြန်မာနိုင်ငံ အတွင်းရှိ ပြည်ပ အလုပ် အကိုင် ရှာဖွေရေး အေဂျင်စီ များမှ မြန်မာ-ထိုင်း နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ အရ တရားဝင် ပေးပို့မှုမှာ သုံးနှစ်တာ ကာလအတွင်း ငါးသောင်း ကျော် သို့ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင် မြို့နယ်ရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေ ရေး အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

''ထိုင်းနိုင်ငံမှာတော့ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေ နယ်စပ်ဒေသ တွေက တစ်ဆင့် သွားပြီးတော့ အလုပ်လုပ် နေကြတာ ဆယ်စုနှစ် လေးငါး စုတောင် ရှိတော့မယ်။ အထူးသဖြင့်တော့ နယ်စပ် ဝင်ပေါက်တွေ ကနေ သွားလုပ် နေကြတာပေါ့။ မွန်၊ ကရင်၊ ရှမ်းတိုင်းရင်းသားတွေ များတယ်ပေါ့။ ၂ဝ၁ဝ ပြည့်နှစ်က စပြီးတော့ တရားဝင် လေကြောင်း ဝင်ပေါက်ကရော၊ နယ်စပ် ဝင်ပေါက်ကပါ နှစ်နိုင်ငံ အစီအစဉ်နဲ့ လုပ်သားတွေ သွားရောက် လုပ်ကိုင်ခွင့် ရှိလာတဲ့အခါ လုပ်သားတွေ အတွက် အခွင့်အရေးတွေ ပိုလာတာပေါ့''ဟု ထိုင်းနိုင်ငံရောက်

Read More >> http://bit.ly/17jrPbS

SHARE THIS
Previous Post
Next Post