မုန်တိုင်းသင့်ပြည်သူများ လူမျိုးဘာသာမခွဲဘဲအသက်အန္တရာယ် ကာကွယ်ပေးမည်


တားဆီးမရနိုင်သည့် သဘာဝဘေးဖြစ်သော မဟာစင် ဆိုက်ကလုန်းမုန်တိုင်းကို ထိခိုက် ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန် အဆင့်လေးဆင့်ချမှတ်ရင်ဆိုင်
သွားမည်ဖြစ်ပြီး မုန်တိုင်းသင့် ပြည်သူများအားလူမျိုးဘာသာ မခွဲခြားဘဲ အသက်အန္တရာယ်ကိုဦးစားပေး ကူညီကယ်ဆယ်သွားကြရန်
နိုင်ငံတော်သမ္မတဦးသိန်းစိန်က အစိုးရအဖွဲ့အား ညွှန်ကြားလိုက်သည်။
“မုန်တိုင်းဖြတ်သန်းပြီးတဲ့နောက် ကူညီကယ်
ဆယ်ရေး ဆောင်ရွက်ပေးတဲ့အချိန်မှာ လူမျိုးဘာသာ မခွဲခြားဘဲ လူသားချင်း စာနာထောက်ထားပြီး လုပ်ဆောင်ရမှာ
ဖြစ်ပါတယ်။ ဒုက္ခရောက်နေတဲ့ သူအားလုံးရဲ့
အသက်အန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်ကြဖို့ လိုပါတယ်”ဟု နိုင်ငံတော်သမ္မတ ကပြောကြားသည်။
မုန်တိုင်းမလာမီ ကြိုတင်ပြင်ဆင်မှုအပိုင်း၊ မုန်တိုင်းဖြစ်နေစဉ်ဆောင်ရွက်ရန်အပိုင်း၊ မုန်တိုင်းဖြစ်ပေါ်ပြီးနောက် ကူညီကယ်ဆယ်ရေးအပိုင်းနှင့် မုန်တိုင်းအလွန်ပြန်လည်ထူထောင်ရေးအ ပိုင်းဟူ၍အဆင့်လေးဆင့်သတ်မှတ်ဆောင်ရွက်သွားရန် လမ်းညွှန်လိုက်ပြီး ကူညီကယ်ဆယ်ရေးဆောင်ရွက်ချိန်
တွင် လူမျိုးဘာသာမခွဲခြားဘဲ လူသားချင်း စာနာထောက်ထားမှုဖြင့် ဒုက္ခရောက်နေသူအားလုံး၏ အသက်အန္တရာယ်ကင်းရှင်းစေရန် ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း
မေ ၁၄ ရက် နံနက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် မဟာစင်မုန်တိုင်းဆိုင်ရာ ကြိုတင်
ညှိနှိုင်းအစည်းအဝေး၌ သမ္မတကပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အန္တရာယ်အများဆုံးနေရာများဖြစ်
သည့် ရခိုင်ပြည်နယ်ရှိ
ဒုက္ခသည်စခန်းများကို မေ ၁၃ ရက်မှစတင်ကာ မော်တော်ယာဉ်များ၊ စက်လှေများဖြင့် မုန်တိုင်းဒဏ်ခံနိုင်သည့် အဆောက်အအုံများ၊တောင်ကုန်းနေရာများသို့ ရွှေ့ပြောင်းပေးလျက်ရှိပြီး ယခုထက်မြန်ဆန်စွာ ရွှေ့ပြောင်းပေးရန်
လည်း သမ္မတကတိုက်တွန်းလိုက်သည်။
ရွှေ့ပြောင်းနေရာချထားမှုနှင့်ပတ်သက်၍
လည်းဥပဒေနှင့်အညီ လုပ်ဆောင်ကာ အောက်ခြေအဆင့်ထိနားလည်သဘော
ပေါက်အောင် ရှင်းလင်းပြောကြားကြရန်
စားသောက်နေထိုင်ရေးအ ပြင် ကျန်းမာရေး
ကိုလည်းအလေးထားဆောင်ရွက်ပေးကြရန်
သမ္မတက ဒုတိယသမ္မတနှစ်ဦးအပါအ၀င် ပြည်ထောင်စုဝန်ကြီးများ၊
ဒုတိယ၀န်ကြီးများ၊ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မေလ ၁၆ နှင့် ၁၇ ရက်တွင် မဟာစင်မုန်တိုင်းမှာ တစ်နာရီလျှင် မိုင် ၁၂၀ နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း
ကမ်းခြေသို့ဖြတ်ကျော်လိမ့်မည်ဟူသည့် မူလခန့်မှန်းချက်မှာ မေ ၁၄ ရက်အထိ မပြောင်းလဲသေးဘဲ ကမ်းခြေကို ဖြတ်ကျော်သွားသည့် မုန်တိုင်းသည် ကုန်းတွင်းပိုင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်
နယ်တို့အထိ ဆက်လက်ရွှေ့လျားနိုင်မည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ထုတ်ပြန်ထားခဲ့သည်။
မေ ၁၄ ရက် ညနေပိုင်းအထိ မဟာစင်မုန်တိုင်းသည် အိန္ဒိယနိုင်ငံဘက်သို့ ကွေ့သွားခြင်းမရှိဘဲ
အရှေ့မြောက်ဘက်ကိုသာ ဦးတည် ရွေ့လျားလာနေဆဲဖြစ်ပြီး မေ
၁၇ ရက် နေ့လယ်ပိုင်းတွင် စစ်တကောင်းမြို့ကမ်းခြေကို စတင်ဖြတ်ကျော်မည်ဟု ခန့်မှန်းရကြောင်း ဦးထွန်းလွင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာ
မျက်နှာတွင်တင်ပြထားသည်။
ယခုအခါအမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းကိုယ်တိုင် ရခိုင်ပြည်နယ်၊
အမ်းမြို့နယ်တွင်အခြေစိုက်ကာ အရေးပေါ် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ အနီးကပ်သွားရောက် ကွပ်ကဲနေပြီဖြစ်သည်။ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးမှလည်း မုန်တိုင်း
ကယ်ဆယ်ရေးလုပ်ငန်းများအတွက် တပ်မတော် ကြည်း၊ ရေ၊ လေ ကို အသင့်အနေအထားရှိစေရန် တပ်လှန့်နှိုးဆော်ထားသည်။

Myawaddy

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post