မဟာဆန် ဆိုင်ကလုန်း အနီရောင် အရေးပေါ် အဆင့်သို့ရောက်ရှိ


Wednesday, May 15, 2013
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်
ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်းမဟာဆန်သည် အနီရောင်အရေး ပေါ် အဆင့်သို့ရောက်ရှိလာပြီး ရခိုင်ပြည်နယ် ၊ မောင်တောမြို့ကို နောက် ၁၈ နာရီအတွင်းဖြတ်ကျော်ဝင်ရောက်
မည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသ
နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက မေလ
၁၅ ရက် ည ၇ နာရီက သတိပေးချက် ထုတ် ပြန်လိုက်သည်။

အဆိုပါမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့
ဆက်လက်ရွှေ့ လျားနေပြီး နောက် ၁၈ နာရီအတွင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့နှင့် ရခိုင်ပြည်နယ် မောင်တောမြို့ကမ်းခြေကို
ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

မုန်တိုင်းဖြတ်ကျော်ဝင်ရောက်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၇၀ အထိတိုက်ခတ်နိုင်ပြီးမုန်တိုင်းကြောင့်မြင့်
တက်လာသော ရေလှိုင်းအမြင့်မှာ မောင်တောမြို့နယ် ကမ်းခြေတွင် ၈
ပေမှ ၁၀ ပေခန့် ၊ စစ်တွေခရိုင် ကမ်းခြေတွင်
၆ ပေမှ၈ပေခန့်နှင့်ကျောက်ဖြူခရိုင်ကမ်းခြေ
တွင် ၄ ပေမှ ၆ ပေခန့်
အထိမြင့်တက်နိုင်ကြောင်း ည ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ထုတ်
ပြန်ထားသည်။
လက်ရှိအနေအထားတွင် အဆိုပါ မုန်တိုင်းသည် မောင်တောမြို့၏ အနောက်တောင်ဘက် မိုင်
၂၇၀ ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက်မိုင် ၂၈၀ ခန့် ၊ ကျောက်ဖြူမြို့၏ အနောက်တော
င်ဘက် မိုင် ၃၀၀ ခန့် ၊ အိန္ဒိယနိုင်ငံ ၊ ကိုလ်က
တ္တားမြို့၏ တောင်ဘက် မိုင် ၂၆၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ဖေါ်ပြထားသည်။
ထို့အပြင် မုန်တိုင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းနိုင်ပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာ သွန်းမှုကြောင့် မြေပြိုခြင်း၊ တောင်ကျရေများကြောင့်
လျှပ်တစ်ပြက်ရေကြီးခြင်း အန္တရာယ်များကို သတိပြုရှောင်ရှား သင့်ကြောင်းလည်း သတိပေးထားသည်။
အဆိုပါ မုန်တိုင်းကြောင့် ဖြစ်လာမည့်အန္တ
ရာယ်များအတွက်ကယ်ဆယ်ရေးလုပ်ငန်း
များလုပ်ကိုင်ရန် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းမှာရခိုင်ပြည်နယ် အမ်းမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။
Mizzima

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post