“ဆွာရက်ဇ်ကို ဆက်ထိန်းထားနိုင်ရေး လီဗာပူးလ် အခက်ကြုံလာရ”

လီဗာပူးလ် အသင်းအနေဖြင့် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကို ဆက်ထိန်းထားရန် တိုက်ပွဲဝင်ရတော့မည်ဟု မန်နေဂျာ ဘရန်ဒန် ရော့ဂျာက ဝန်ခံ ပြောကြားလိုက်သည်။ ဥရုဂွေး လက်ရွေးစင် ကစားသမား အနေဖြင့် အန်းဖီးလ်မှ ထွက်ခွာသွားနိုင်မှုအပေါ် စိုးရိမ်နေသည့် မြောက်အိုင်ယာလန်သား မန်နေဂျာက မိမိတို့အတွက် ခက်ခဲသော အခြေအနေများ ရှိလာပြီဟု ဖွင့်ဟသွားသည်။

ခြေစွမ်း ထက်မြက် ကောင်းမွန်သော်လည်း ဆွာရက်ဇ် အနေဖြင့် အင်္ဂလန်တွင် ပြဿနာပေါင်းစုံ ကြုံခဲ့သလို လက်ရှိတွင်လည်း ချယ်လ်ဆီး နောက်ခံလူ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်ကို ကိုက်ခဲ့မှုအတွက် FA၏ (၁၀)ပွဲပယ် ပြစ်ဒဏ်ကို ခံယူ ဖြတ်သန်းနေရသည်။ ထိုအနေအထားများကြောင့် ဆွာရက်ဇ် အနေဖြင့် ပရီးမီးယားလိဂ်ကို စွန့်ခွာရန် ဆန္ဒရှိနေပြီဟု သတင်းများက ဖော်ပြလျှက် ရှိသည်။

Read more http://www.planet.com.mm/news/read.cfm/id/21598

SHARE THIS
Previous Post
Next Post