မြန်မာ-တိုးတက်နေသော တော်လှန်ရေး

ခရစ်စီယန်အမန်ပါးနှင့် သမ္မတဦးသိန်းစိန်
မြန်မာ-တိုးတက်နေသောတော်လှန် ရေးကို မြန်မာပြည်၏ ထူးဆန်းအံ့သြဖွယ် ရာဟု လူသိများသည်။ သို့တည်းမဟုတ် အာရှ၏အင် အားကြီး   နိုင်ငံနှစ်ခု ဖြစ် သော အိန္ဒိယနှင့် တရုတ်ကြားတွင် ညပ် နေသည့် သန်း ၅ဝ ပြည်သူတို့၏ မျှော် လင့်ချက်လည်း ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ် က မြန်မာနိုင်ငံသည် ကမ္ဘာပေါ် တွင် အဖိနှိပ်အချုပ်ခြယ်ဆုံး စစ်အစိုးရ များထဲမှတစ်ခုအပါအဝင်ဖြစ်သော အစိုး ရ၏ဦးဆောင်မှုကို ခံခဲ့ရ၏။ ယခုတော့ ဒီမိုကရေစီအပျံသင်စကာလ အခြေအနေ။
ဆယ်စုနှစ်များစွာ ကြာအောင် မြန်မာပြည်ကို နိုဗယ်ဆုရှင်ဒေါ်အောင် ဆန်းစုကြည်၏ သူရဲကောင်းပီသသော လှုပ်ရှားမှုများကြောင့် ပို၍ လူသိများခဲ့ ၏။ သူသည် နေအိမ်အကျယ်ချုပ် ကာလ ၁၅ နှစ်ကျော်ခံခဲ့ရကာ ခင်ပွန်း တကွဲသားတကွဲရှိခဲ့ရ၏။သို့သော်သူက လှုပ်ရှားမှုများကို ဆက်လုပ်ကာ ပိတ် ဆို့ခံခဲ့ရသော သူ့နိုင်ငံကို ပြန်လည်ပြု ပြင်ရန်ကြိုးစားခဲ့၏။ ယခုတော့ သူ့ရည် မှန်းချက်များသည် လျင်မြန်စွာ အကောင် အထည်ပေါ်စပြုလာ ပါပြီ။ သူ့ကို မြန်မာ နိုင်ငံ ဒီမိုကရေစီ၏ ပြယုဂ်ဟု ခေါ် ကောင်းခေါ်နိုင်၏။သို့သော် တစ်စုံတစ် ဦးက ပြုပြင်ပြောင်းလဲရေး ပြယုဂ်သမ္မတ ဦးသိန်းစိန် ဟုလည်း ယခုခေါ်နိုင်ပါပြီ။ ဦးသိန်းစိန်သည် ယခု သမ္မတအိုဘားမား နှင့်တွေ့ဆုံရန် ရောက်ရှိနေ၏။ ၁၉၆၆ နောက်ပိုင်းတွင် အိမ်ဖြူတော်သို့ ပထမ ဆုံးရောက်ရှိလာသော မြန်မာခေါင်း ဆောင်ဖြစ်၏။
   ”ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဆက် ဆံရေး တိုးတက်မှု တိုးတက်မြန်ဆန် လာတာ ကျွန်တော်ကိုယ်တိုင်အံ့သြမိပါ တယ်”ဟု သမ္မတဦးသိန်းစိန်က CNN မှ ခရစ်စီယန်အမန်ပါးကို ရုပ်သံအင်တာ ဗျူးတွင် ပြောခဲ့၏။
 ”ဒါပေမဲ့ ထာဝရမိတ်ဆွေဆိုတာ ရော၊ ထာဝရရန်သူဆိုတာရော နိုင်ငံ တကာဆက်ဆံရေးမှာ မရှိပါဘူး”ဟု သူ ကဆက်ပြော၏။
   နိုဝင်ဘာလက သမ္မတအိုဘားမား သည် မြန်မာပြည်သို့ ပထမဦးဆုံး အမေ ရိကန်ခေါင်းဆောင်အနေဖြင့် သွားရောက် ခဲ့၏။ ထိုအချိန်တွင် သူက   မြန်မာနိုင်ငံ သည် တိုးတက်မှုလမ်းတွင် ရောက်နေ သည်ဟု အသိအမှတ်ပြုခဲ့၏။    မြန်မာနိုင်ငံက အပြောင်းအလဲ များလုပ်နေ၏။ စီးပွားေ ရးဖြေလျှော့မှု တွေလုပ်၏။ သတင်းဆင်ဆာတွေ လွှတ် ပေး၏။ ဒီမိုကရေစီကို တည်ဆောက်နေ ၏။ သို့သော် အဓိကပြဿနာများကား ရှိနေဆဲ။ ဆင်းရဲနွမ်း ပါးမှု၊ မူးယစ်ဆေး တရားမဝင်ရောင်းဝယ်မှု၊ အကျင့်ပျက်ခြ စားမှု၊ တိုင်းရင်းသား အကြမ်းဖက်မှု စသည်တို့။
ယခုအခါ အမေရိကန်နှင့် တရုတ် က မြန်မာအပေါ် သြဇာညောင်းရေးကို ပြိုင်နေကြ၏။ သမ္မတဦးသိန်းစိန်ကမူ   ”တရုတ်နဲ့အမေရိကန်ကြားမှာ ပြိုင်ဆိုင် မှု မရှိဘူးလို့ ကျွန်တော် ပြောရမှာပဲ။ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးပေါ်လစီ က ကမ္ဘာပေါ်က နိုင်ငံအားလုံးနဲ့ချစ် ကြည်စွာ ဆက်ဆံရေးပဲ။ ဒါကြောင့် တရုတ်နဲ့လည်း ချစ်ကြည်စွာ ဆက်ဆံ ရေးကို ဆက်လက် ထိန်းသိမ်းသွားမယ်။ အမေရိကန်နဲ့လည်း ဆက်ဆံရေးတွေ ပိုမိုကောင်းမွန်ေ အာင် ကြိုးစားသွားမှာ ပဲ”ဟု ပြောသည်။
 ”မြန်မာနိုင်ငံသားများထဲက တစ် ဦးအနေနဲ့ ကျွန်တော်ဟာ ပြည်သူတွေရဲ့ အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင် အောင် ကျွန်တော်အကောင်းဆုံး ကြိုးစား နေပါတယ်။ အခု ကျွန်တော်တို့မှာ ဒီမို ကရေစီနည်းနဲ့ ရွေးချယ်ထားတဲ့ အစိုးရ လည်းရှိပါတယ်။ ရွေးချယ်တင်မြှောက် ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လည်း ရှိပါတယ်။ ဒါကြောင့် အစိုးရရဲ့ တာဝန်က ပြည်သူရဲ့အလိုဆန္ဒတွေ ဖြည့်ဆည်းပေးဖို့ပါပဲ။ ကျွန်တော်တို့ လုပ်ဆောင်ေ နတဲ့ ပြုပြင်ပြောင်းလဲမှု တွေက ပြည်သူအများစုရဲ့ အလိုဆန္ဒ တွေပါ”ဟု ဦးသိန်းစိန်က ပြောခဲ့၏။
    ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ အစိုးရခေတ်က အိမ်တွင်အကျယ်ချုပ်ချ ခဲ့ကြသော်လည်း ယခုသမ္မတဦးသိန်းစိန် က ဒေါ်အောင်ဆန်းစုကြည်နှ င့်အတူ အလုပ်လုပ်နေ၏။
    ”ကျွန်တော်နဲ့သူနဲ့ တွေ့တဲ့အခါ ပြည်သူတွေနဲ့နိုင်ငံအတွက် တူညီတာ တွေတွဲလုပ်ဖို့ ကြိုးစားကြပါတယ်။ တစ် ချိန်တည်းမှာပဲ တချို့ကိစ္စတွေမှာ မတူ ညီတဲ့ အမြင်တွေလည်းရှိမှာပဲ။ ကွဲပြား ခြားနားချက်တွေကို ညှိနှိုင်းပြီး အဖြေရှာ ကြမယ်ဆိုတာလည်း သဘောတူညီထား ပါတယ်”ဟု ဦးသိန်း စိန်က ပြောသည်။
   စက်တင်ဘာလက ဒေါ်အောင် ဆန်းစုကြည်နှင့် အမန်ပါး အင်တာဗျူး လုပ်ခဲ့ရာ သူ့ကိုပုဂ္ဂိုလ်ရေးအရ လုပ်ခဲ့ သော အစိုးရကိုသူဗွေမယူပါ ဟု ပြော ခဲ့ ၏။
 ”ဒါက နိုင်ငံရေးပဲ။ ကျွန်မ ဗိုလ် ချုပ်ကြီးတွေအများကြီးကို သဘောကျပါ တယ်။ ကျွန်မလူတွေကို သဘောကျတာ များတယ်။ တပ်မတော်ထဲက လူတွေ လည်းဒီလိုပဲ။ ကျွန်မအဖေက ဗမာ့ တပ်မတော်ကို ထူထောင်ခဲ့တယ်ဆိုတာ ရှင်မေ့မထားနဲ့လေ”ဟု ပြောခဲ့၏။
 ဘင်္ဂါလီ ပြဿနာနှင့်ပတ်သက် ၍မေးမြန်းရာ ဦးသိန်းစိန်က-
 ”ကျွန်တော်တို့မှာ ဘာသာရေး ဒါမှမဟုတ် လူမျိုးရေးကို အခြေခံတဲ့ ခွဲခြား ဆက်ဆံတဲ့ ပေါ်လစီမရှိပါဘူး။ ဒီကိစ္စဖြစ်ရတာကလည်း ရာဇဝတ် ကြော င်းကစပြီးအခြေခံတာပါ”ဟု ပြော ၏။
    သမ္မတအိုဘားမားကမူ အပြစ်မဲ့ သူများအပေါ် အကြမ်းဖက်မှုက ခွင့် လွှတ်စရာအကြောင်း မရှိဟု ပြော၏။
   ”ကျွန်တော်တို့နိုင်ငံက နိုင်ငံသား အားလုံးဟာ အခြေခံအခွင့်အရေးတွေ ကို ခံစားခွင့်ရှိပါတယ်။ သူတို့ရဲ့အခွင့် အရေးတွေကို ကျွန်တော်တို့ စော င့် ရှောက်ပါမယ်။ ကျွန်တော်တို့ ဥပဒေနဲ့ အညီ အခွင့်အရေးတွေရရှိစေရပါမယ်” ဟု ဦးသိန်းစိန်က ပြော၏။ကျန်ရှိနေသော အကျဉ်းသားများ လွှတ် ရန် ကိစ္စနှင့်ပတ်သက်ပြီး မေးရာ ”ကျန်တဲ့သူတွေက လူသတ်မှု၊ မုဒိမ်းမှု တွေ ကျူးလွန်တဲ့သူတွေပါ။ ဒါပေမဲ့ သူတို့ကို ကော်မတီရဲ့ ထောက်ခံ ချက် ပေါ်အခြေခံပြီး လွှတ်ပေးပါမယ်” ဟု ပြော၏။
 သူ စစ်ယူနီဖောင်းဟောင်းနှင့် ပို ပြီး နေသာထိုင်သာရှိပါသလား။ ဒါမှ မဟုတ် ဒီမိုကရက်အသစ်ချပ်ချွတ်အနေ နှင့် အရပ်သားဝတ်စုံနှင့် ပိုအဆ င်ပြေ  မလား။
 ”သမ္မတအနေနဲ့ ကျွန်တော့်မှာ တာဝန်ပိုရှိပါတယ်။ ဒါက ကြီးမားတဲ့ တာဝန်ပါ။ ပြည်သူနဲ့နိုင်ငံအပေါ် ကြီး မားတဲ့တာဝန်ခံမှုနဲ့လည်း ထမ်းဆောင်   နေရပါတယ်”ဟု ဦးသိန်းစိန်က ပြော၏။
ဟိန်းလတ်
သမ္မတဦးသိန်းစိန်နှင့် CNN သီးသန့်အင်တာဗျူးအား ဟိန်းလတ် ဆီလျော်အောင် ပြန်ဆိုသည်။
ခရစ်စီယန်အမန်ပါး မေးမြန်းသည်
Popular Myanmar News Journal

SHARE THIS
Previous Post
Next Post