တရုတ် ရင်းနှီးမြှုပ်နှံထားသည့် သတ္တုတူးဖော်ရေး လုပ်ငန်းများ တွင် မည်သည့်သတ္တုအမျိုးအစား ထွက်သည်ကို သေချာ မသိရ


တရုတ်နိုင်ငံကတိုက်ရိုက် ရင်းနှီး မြှုပ်နှံထားသည့် သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် မည်သည့်သတ္တုအမျိုး အစား ထွက်သည်ကို သေချာစွာ မသိရှိ ရကြောင်း ချင်းအမျိုးသား ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။
”လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းလို့ပြောတယ်။ အဲဒီကြေးနီ ထွက်ရင် ရွှေပါရောပြီးထွက်တယ်၊ ပြီး ရင် သံသတ္တုရောရာလို့ ပြောတယ်၊ သံ သတ္တုရောရာဆိုတာဘာလဲ၊ ဘာသတ္တု အမျိုးအစားတွေပါသလဲ၊ အစိုးရဘက် ကလည်း မပြောဘူး။ကုမ္ပဏီကလည်း မထုတ်ပြန်ဘူး”ဟု ၄င်းက   ပြောသည်။ဒီမိုကရေစီ မိတ်ဆွေ ပါတီများနှင့် တရုတ်နိုင်ငံ ယူနန်အစိုးရ အကြံပေး အဖွဲ့၏ တာဝန်ခံ၊ ယူနန်တက္ကသိုလ် အရှေ့ တောင်အာရှ လေ့ လာရေးစင်တာ ညွှန်ကြားရေးမှူး  Mr. Zhao Shulan  ဦးဆောင်သော အဖွဲ့တို့Myanmar Peace Center  တွင် မေ ၁၉ ရက်က တွေ့ဆုံစဉ် ဓာတ်သတ္တုတူးဖော်ရေး ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံထားသည့် တရုတ်ကုမ္ပဏီများ၏ အခြေအနေကို ၄င်းက ပြောခဲ့ခြင်း ဖြစ်သည်။
”အခုလည်း ချင်းပြည်နယ် မြွေ တောင်ဖားတောင်မှာ ဓာတ်သတ္တုတူး ဖော်ဖို့ လုပ်နေတယ်၊အဲဒီမှာလည်း သံ သတ္တုရောရာပါလာပြန်တယ်၊ ပွင့် လင်း မြင်သာမှု ရှိဖို့ လိုတယ်၊ စိန်ထွက်တာ လား၊ ရွှေထွက်တာလား၊ နီကယ်ထွက် တာလား၊ဘာဖြစ်လို့ ဒီလောက်အထိ ကျွန်တော်ပြောတာလည်း ဆိုရင် ဒီ ဘာသာရပ်တွေနဲ့ပတ်သက်ပြီး အ နောက်ဂျာမနီမှာ ၂ နှစ် ကျောင်းတက် လာတာ”ဟု ၄င်းက ပြောသည်။အဆိုပါကိစ္စရပ်များနှင့်ပတ်သက် ၍ ဖြစ်လာနိုင်သည့် ပြဿနာများကို ရှောင်လွဲနိုင်ရန်တရုတ်အစိုးရအကြံ ပေးအဖွဲ့ကို အောက်ခြေတွင်ဖြစ်ပျက်နေ သောအခြေအနေများအား
သေသေချာ ချာ ရှင်းပြခဲ့ကြောင်း၊ သက်ဆိုင်ရာ အစိုးရကို ဖြေရှင်းပေးရေးတင်ပြပေးရန် တောင်းဆိုခဲ့ကြောင်း ၄င်းက ပြော သည်။
 ”ယူနန်အစိုးရအကြံပေးတာဝန်ခံ Mr. Zhao Shulan က မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံတဲ့တရုတ် ကုမ္ပဏီတွေထဲမှာ နိုင်ငံတကာ စံနှုန်း အလေ့အကျင့်တွေ မလိုက်နာတဲ့ ကုမ္ပဏီတွေလည်း ရှိမှာပါ။ မြန်မာနိုင်ငံ ရဲ့ ခေတ်စနစ် အပြောင်းအလဲမှာ တရုတ်ရင်းနှီးမြှုပ်နှံသူတွေ နဲ့ မြန် မာ နိုင်ငံအတွက်ပါ စိန်ခေါ်မှုတွေ ရှိနေပါ တယ်၊ ဒီကိစ္စတွေကိုလည်း တရုတ် အစိုးရဆီ ပြန်ပြီး အစီရင်ခံစာ တင်သွင်း ပါမယ်” ဟု ပြောသည်။
အဆိုပါတွေ့ဆုံမှုတွင် တရုတ် ကိုယ်စားလှယ်အဖွဲ့က ၄င်းတို့နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကြောင့် မြန်မာနိုင်ငံ အတွက် ကောင်းကျိုးရှိပုံကို ဦးတည်   ဆွေးနွေး ခဲ့ပြီး၊ ဒီမိုကရေစီမိတ်ဆွေပါတီ များဘက်က ပွင့်လင်းမြင်သာမှု မရှိ သော ရင်းနှီး မြှုပ်နှံမှုကြောင့် ပြည်သူ များ ထိခိုက်ခံစားရမှုတို့ကို ဦးတည် ဆွေးနွေးခဲ့ကြကာ ရွှေရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၊ လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်း၊ မြစ် ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် ချင်း ပြည်နယ် မြွေတောင်၊ ဖားတောင် သတ္တု တူးဖော်ရေး စီမံကိန်းတို့ကို ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
စိုင်းနောင်
Popular Myanmar News Journal

SHARE THIS
Previous Post
Next Post