နှစ်ပေါင်း ၁ ဒသမ ၅ ဘီလီယံ သက်တမ်းရှိ ရေများ သိပ္ပံညာရှင်များ တွေ့ရှိ

သိပ္ပံပညာရှင်များသည် နှစ်ပေါင်း၁ ဒသမ ၅ ဘီလီယံ သက်တမ်းရှိ ရေများကို ကနေဒါနိုင်ငံ အွန်တာရီယို ပြည်နယ်ရှိ ဘင်မင်းစ်မြို့တွင် တွေ့ရှိခဲ့ကြောင်းနှင့် ထိုရေကန်သည် သတ္တု ကျောက်တုံးများ ပါဝင်သည့် တစ်ခုတည်းသော ရေကန်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒေသမှ ရွှေတူးဖော်ရေး အလုပ်သမားများသည် မြေလွှာအောက်မှ ကျောက်သားကို ထွင်းဖောက်စဉ် အဆိုပါရေများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့အနေဖြင့် ရှေးဟောင်း သမုဒ္ဒရာကို အကောင်းပကတိအတိုင်း အမှန်တကယ် မြင်တွေ့နေရပြီ ဖြစ်ကြောင်း၊ အဆိုပါရေကန်ကို လေ့လာသည့် အဖွဲ့တွင် ပါဝင်သော ဘူမိဓာတု ပညာရှင်က ပြောကြားခဲ့သည်။ အဆိုပါ ရေထဲတွင် ကောင်းမွန်သော ဟိုက်ဒရိုဂျင် ဓာတ်ငွေ့များ ပါဝင်ပြီး ရှေးဟောင်းသက်ရှိ သတ္တဝါများကို ထိန်းသိမ်းပေးနိုင်ကြောင်းနှင့် ယင်းကဲ့သို့ သက်ရှိများ ရှိပါက မြင်တွေ့နိုင်ရန် အတွက် ကျောက်တုံး နမူနာများကို သိပ္ပံပညာရှင်များက စမ်းသပ်မှုများများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ယင်းနမူနာများသည် တစ်ချိန်က အင်္ဂါဂြိုဟ်တွင် သမုဒ္ဒရာများ ရှိခဲ့သည့် အချိန်က သက်ရှိများ တည်ရှိမှု ပုံစံနှင့် တူညီနိုင်မည့် မျှော်လင့်ချက်ကို ဖြည့်ဆည်း နိုင်မည်ဟု သိပ္ပံပညာရှင်များ က မျှော်မှန်းထားကြောင်း သိရသည်။

http://www.myawady.com.mm/allnews/global/item/14287-2013-05-19-08-36-44

SHARE THIS
Previous Post
Next Post