စားသောက်ဆိုင်များ အခွန် အမှတ်တံဆိပ်ပါ ဘောက်ချာ အသုံးပြုမှု နည်းပါး

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်နှင့် မြန်မာနိုင်ငံ အနှံ့အပြားရှိ စားသောက်ဆိုင်များတွင် အခွန် အမှတ်တံဆိပ်ပါ ဘောက်ချာ အသုံးပြုမှု နည်းပါး နေသေးကြောင်း ကဏန်း လုပ်ငန်းရှင်များ အသင်းနာ ယက ဦးမြတ်ဦးက ဆိုသည်။ မြန်မာ တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်များကို အခွန် အမှတ်တံဆိပ်ပါ ဘောက်ချာများ အသုံးပြုရန် ညွှန်ကြား ထားသော်လည်း အသုံးပြုမှု မရှိ သလောက် ဖြစ်ကြောင်း စားသုံးသူ တစ်ဦးက ပြောသည်။
''ကျွန်တော် စားသောက်ဆိုင် တော်တော်များများကို သွားစားဖူးတယ်။ ဒါပေမဲ့ ဆိုင်တော်တော် များများက ဘောက်ချာ မပေးပါဘူး'' ဟု ဦးမြတ်ဦးက ပြောဆိုသည်။

အခွန်ဆောင်ရန် အကျင့် မရသေးသော မြန်မာ့လူ့ အဖွဲ့အစည်း အနေဖြင့် အခွန်ထမ်းခြင်းမှာ မိမိနိုင်ငံတော်နှင့် နိုင်ငံ့ဝန်ထမ်းများ၏ ဖွံ့ဖြိုး တိုးတက်ခြင်းနှင့် စားဝတ်နေရေး ဖူလုံစေရန် အခွန်စနစ် တကျ ပေးဆောင်ရန် လိုအပ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

အိမ်နီးချင်း နိုင်ငံများတွင် အခွန်စနစ်ကို သေချာစွာ ကိုင်တွယ်နေပြီး အခွန် ထမ်းသူများကို ကံစမ်းမဲပေးသော စနစ်ဖြင့် ဆွဲဆောင်မှုများလည်း ရှိကြောင်း ပြည်ပ အတွေ့အကြုံရှိ ဘူမိဗေဒ ပညာရှင် ဦးစိုးသိန်းက ဆိုသည်။

မြန်မာနိုင်ငံရှိ အခွန်ထမ်း ပြည်သူများမှာ အခွန် ထမ်းရခြင်းကို နားလည်မှု မရှိသေးဘဲ အခွန် ရှောင်မှုများကို နည်းမျိုးစုံဖြင့် လုပ်နေကြပြီး အချို့သော မြို့နယ် ဝန်ထမ်းများမှာလည်း အခွန်များ ကို လျှော့ပေါ့ ကောက်ခံပေးခြင်းဖြင့် မိမိတို့ ငွေကြေး ရရှိနိုင်ရန် ဆောင်ရွက်မှုများ ရှိကြောင်း သိရသည်။

http://bit.ly/15XOL0T

SHARE THIS
Previous Post
Next Post