ကုလ အထူးကိုယ်စားလှယ်နဲ့ ဝန်ကြီးဦးအောင်မင်းကချင်ဒုက္ခသည်စခန်း တွေကို သွားရောက်

်RFA Burmese
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကေအိုင်အိုနဲ့
ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး သမ္မတရုံးဝန်ြ
ကီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းေ
ရး ကိုယ်စားလှယ်အဖွဲ့နဲ့ ကုလသမဂ္ဂ အတွင်းေ
ရးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး
နမ်ဘီးယာတို့ဟာ ဒီကနေ့မှာ မြစ်ကြီးနားနဲ့ ဝို
င်းမော်မြို့နယ်ထဲက စစ်ဘေးရှောင်စခန်းသုံးခု
ကို သွားရောက်လေ့လာခဲ့ပါတယ်။
စစ်ပြေးဒုက္ခသည်တွေ မကြာခင် မိမိတို့ရပ်ရွာ
တွေမှာ ပြန်လည်နေထိုင်ဖို့ ထူထောင်ရေးလုပ်
ငန်းတွေကို အစိုးရနဲ့ ကုလသမဂ္ဂအပါအဝင် နို
င်ငံတကာ အဖွဲ့အစည်းတွေက အတတ်နိုင်ဆုံး
ကူညီသွားမယ်လို့ ဝိုင်းမော်မြို့ သာဂရသရက်ေ
တာ ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစ
ခန်းမှာ ဝန်ကြီးဦးအောင်မင်းက အခုလို ပြော
ပါတယ်။
"ကျနော်တို့ဟာ ကချင်တိုင်းရင်းသားခေါင်းေ
ဆာင်တွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးပွဲလုပ်ခဲ့ပါ
တယ်၊ ဒီအချိန်ကတော့ အောင်မြင်မှုရလဒ်လို
့လည်း ပြောရမှာဖြစ်ပါတယ်၊ ကျနော်တို့ သေ
ဘာတူညီချက်လက်မှတ်တွေ ရေးထိုးပါတယ်၊
တိုက်ပွဲတွေမဖြစ်အောင်လုပ်ကြမယ်၊ ဒီလိုကို
ယ့်အိမ်ကိုယ့်ယာကို ပစ်ပြီးတော့ပြေးတဲ့မိသား
စုတွေကို ကိုယ့်နေရာကိုယ်ပြန်ရောက်အောင်
လုပ်ကြမယ်ဆိုပြီးတော့ အဲအစီအစဉ်တွေပါပြီး
သားဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ဒီမှာရှိတဲ့အဖွဲ­
့တွေအားလုံးက ကိုယ့်အိမ်ကို မကြာခင်ပြန်ရ
တာ့မှာဖြစ်ပါတယ်၊ ဒီကနေပြန်တဲ့အခါ ခင်ဗျား
တို့အားနဲ့အင်နဲ့ ကိုယ့်ရွာဖွံ့ဖြိုးတိုးတက်အောင်
ကိုယ့်လူမျိုးတွေတိုးတက်အောင် အဲဒါတွေကြိုးစ
ားပြီးတော့ ဆောင်ရွက်ဖို့လိုအပ်တယ်၊ ကလေး
တွေလည်း စာတတ်အောင်လုပ်ပေးဖို့လိုအပ်တ
ယ်၊ ကျနော်တို့လည်း ဝိုင်းကူပြီးတော့ဆောင်ရ
ွက်သွားမှာဖြစ်ပါတယ်"
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စာ
းလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားကတော့ "ဒုက
္ခသည်တွေ အားလုံး မိမိအိုးအိမ်တွေမှာ ပြန်လ
ည်နေထိုင်နိုင်ဖို့ မနေ့က ဆွေးနွေးပွဲအပြီးမှာ ပို
နီးစပ်လာပြီလို့ ပြောနိုင်ပါတယ်။ အစိုးရပြည်ေ
ထာင်စုဝန်ကြီး ဦးအောင်မင်း၊ ဒုဗိုလ်ချုပ်ကြီးြ
မင့်စိုးနဲ့ ကေအိုင်အို ခေါင်းဆောင်တွေရဲ့ ကြိုးပ
မ်းမှုကြောင့် ဒုက္ခသည်တွေအားလုံး မကြာတေ
ာ့တဲ့ အနာဂတ်မှာ မိမိအိုးအိမ်တွေမှာ ပြန်လည်
နေထိုင်ကြရတော့မှာဖြစ်ပါတယ်" လို့ ပြောသ
ွားခဲ့ပါတယ်။
ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေ
းအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးကလ
ည်း ဒေသခံပြည်သူတွေ လုံခြုံစွာပြန်လည်အြေ
ခချ နေထိုင်နိုင်ဖို့အတွက် မြေမြှုပ်မိုင်းရှင်းလင်
းရေးအပါအဝင် လိုအပ်တဲ့ကူညီဆောင်ရွက်မှုေ
တွအားလုံးကို အတတ်နိုင်ဆုံးဆောင်ရွက်သွား
ပေးမယ်လို့ ဆိုပါတယ်။
အလားတူ ကချင်လွတ်မြောက်ရေးတပ်မတော်
(KIA) ရဲ့ ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော် ဦးေ
ဆာင်တဲ့ ကေအိုင်အိုငြိမ်းချမ်းရေး ကိုယ်စားလှ
ယ်အဖွဲ့ကလည်း အဖွဲ့လေးဖွဲ့ခွဲပြီး ကုလသမဂ
္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ
္စတာဗီဂျေနမ်ဘီးယားနဲ့အတူ မြစ်ကြီးနားနဲ့ ဝိုင်း
မော်မြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတွေကို
သွားရောက်လေ့လာခဲ့ပါတယ်။

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post