လားရှိုးအဓိကရုဏ်းမှာ တစ်ဦးသေ လေးဦးဒဏ်ရာရ


လားရှိုးမှာ ယနေ့ ညနေ နှစ်နာရီကျော်တွင် ထပ်မံ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရတယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောဆိုခွင့်ရှိသူ ဦးရဲထွဋ်Facebook မှာဖော်ပြပါတယ်။
”နှစ်ဖက် အပြန်အလှန်ဖြစ်ပွားခဲ့တယ်။ ရဲတပ်ဖွဲ့ကလည်း သေနတ် ပစ်ဖောက်လူစုခွဲခဲ့ရတယ်လို့လည်း သိရပါတယ်။” ၄င်းက ထပ်မံဖော်ပြ
ထားပါတယ်။ယင်းအကြမ်းဖက်မှုမျးကို ဖြေရှင်းရန် ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေး ဒုတိယ၀န်ကြီးလည်း လားရှိုးမြို့ ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ရှမ်း/တရုတ်/ ဗုဒ္ဓဘာသာဝင် မအေးအေးဝင်းကို ကျိုင်းတုံကလာတဲ့ အစ္စလာမ် ဘာသာဝင် နေ၀င်းက မေလ ၂၇ ရက်နေ့ ညနေ ၅နာရီ ခွဲခန့်မှာ ဓာတ်ဆီပတ် မိးရှို့ခဲရာမှ စတင်ကာ လားရှိုး
တွင် ပဋိက္ခများ ဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ - ဧရာဝတီ

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post