မင်းပြားမြို့နယ် သေကံကျေးရွာသို့ရောက်ရှိလာခဲ့သော နေရပ်စွန့်ခွါမိသားစု ၁၇ အားသက်ဆိုင်ရာမှတားမြစ်ခြင်းနှင့် ဖိအားပေးစေခိုင်းခြင်းများရှိနေကြောင်းသိရှိရ


-------------------------------------------------
အဆိုပါသေကံကျေးရွာသို့ရောက်ရှိလာသောစက်ရုံမော် ရွာသားများသည်ဘင်္ဂလီများ၏ရန်ကြောင့်ထွက်ပြေးလာခဲ့ရခြင်းဖြစ်ပြီး ရွက်ဖျင်တဲများနှင့်နေထိုင်ရန် အဆင်မပြေသဖြင့် ရာ မောင်တံတားအနီးသို့သွားရောက်ရွှေ့ပြောင်းရန်ပြင်ဆင်ကြသော်လည်း ရွက်ဖျင်တဲများကိုပင် ယူခွင့်မပေးကြောင်းသိရ သည်။
အဆိုပါရွာသားများအားနေရပ်ပြန်ခိုင်းခြင်းများရှိသော်လည်း လုံခြုံရေးအခြေအနေအပေါ် စိတ်မချသဖြင့် စမ္ဘလေရွာနှင့်ကပ်ရပ်ဖြစ်သည့် စက်ရုံမော်ရွာသို့ မပြန်ဘဲနေထိုင်ကြသောမိသားစုများဖြစ်ကြောင်းသိရသည်။
စက်ရုံမော်သို့အတင်းပြန်ုခိုင်းသဖြင့် မိသားစုတစ်ဆယ်ကျော်ပြန်သွားကြသော်လည်းတစ်ချို့သောမိသားစု ၁၇ ခုသည်။ မပြန်ဘဲ ရွက်ဖျင်တဲများတွင်နေထိုင်ကြသည်။ ယခုအခါ မိုးရွာလာပြီဖြစ်သဖြင့် နေထိုင်၍အဆင်မပြေတော့ရာ တံတားအနီးသို့ပြောင်းရွှေ့ရန် ပြင်ဆင်နေကြသော်လည်း ရွက်ဖျင်တဲများကိုယူခွင့်မပေးသည့်အပြင် မည်သည့် ကယ်ဆယ်ရေးပစ္စည်းမှလည်းမရရှိကြောင်းသိရသည်။
မြို့နယ်အဆင့်အုပ်ချုပ်သူများကလည်းအတင်းပြန်ခိုင်းခြင်း၊ နေအိမ်ဆောက်လုပ်ပေးရမည်ကိုစိုးရိမ်ခြင်းများကြောင့် ထိုမိသားစု၁၇စုမှာလွန်စွာဒုက္ခရောက်နေကြရသည်။
ယင်းတို့၏နေအိမ်များမှာလည်းဘင်္ဂလီများ ဖျက်ယူခြင်းကြောင့်တစ်ဝက်တစ်ပျက်သာကျန်တော့သဖြင့် အိမ်ကိုဖျက်ယူကာ တံတားအနီးသို့သွားရောက်နေထိုင်ရန် တောင်းဆိုနေကြခြင်းဖြစ်ကြောင်းသိရသည်။
ထိုအစီအစဉ်ပေါ် ဒေသခံများကလည်းကူညီရန်လိုအပ်ပြီး စိတ်ထဲတွင်လုံခြုံမှုမရှိဖြစ်နေရခြင်းအပေါ် သက်ဆိုင်ရာမှာ အတင်း ပြန်ခိုင်းခြင်းသည် ပြဿနာတစ်စုံတစ်ခုဖြစ်လျင် မည်သူမှတာဝန်ယူမည်မဟုတ်ကြောင်းမှာပေါ်လွင်နေပေသည်။
မိုးလုံလေလုံနေရာသို့အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက်ပေးသင့်ကြောင်းနှင့် မပြန်ချင်သောသူများကို အတင်းပြန်ခိုင်းခြင်းအားရပ်တန့်ပေးပါရန်နှင့် ရွက်ဖျက်တဲများကို ယူဆောင်ခွင့်ပေးရန် ဒေသခံဒုက္ခသည်များကတောင်းဆိုကြပါသည်။
ယခုအခါ မိုးရာသီသို့ရောက်ရှိတော့မည်ဖြစ်သဖြင့် မိုးလုံလေလုံရာသို့ မိမိတို့၏အစိအစဉ်ဖြင့်ပြောင်းရွှေ့နေထိုင်ခြင်းအား တားဆီးနှောက်ယှက်ခြင်းများအားပြုလုပ်ခြင်းမှရပ်တန့်ပေးရန်လိုအပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

ရာမောင်တံတားအနီးပုံနှင့် လက်ရှိထိုင်ရသောပုံများဖြစ်ပါသည်။
From RSV
မင်းပြား၊စက်ရုံမော်ရွာသားများနေရာပြောင်းရာတားမြစ်ခံနေရ (4 photos)


SHARE THIS
Previous Post
Next Post