ကျောင်းအပ်ချိန် အလှူငွေကောက်ခံပါက ရာထူးမှ ထုတ်ပယ်မည်



အစိုးရသစ်လက်ထက် လာဘ်ပေးလာဘ်ယူ တိုက် ဖျက်ရေးစီမံချက်များ ကြောင့် ယခုပညာသင်နှစ် ကျောင်း အပ် ချိန်တွင် သက်ဆိုင်ရာကျောင်းအုပ်က ကျောင်းသားမိဘများ ထံမှ အကြောင်းအမျိုးမျိုးဖြင့် အလှူငွေ ကောက် ခံသည်ကို စစ်ဆေးတွေ့ရှိလျှင် ရာထူးမှ ထုတ်ပယ်သည် အထိ အရေးယူ အပြစ် ပေးသွားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူး တစ် ဦးက The Voice သို့ပြောကြားသည်။


"ဒီ ၂ နှစ်အတွင်းကို ပိုတင်းကျပ်လာတာ။ ဘာ ကြောင့်ပဲယူယူ စစ်ဆေးလို့ ကောက်ခံထားတာ တွေ့တာနဲ့ ရာ ထူး က တစ်ခါတည်း အနားပေးလိုက်တယ်" ဟု ၄င်းက ထပ်လောင်းပြောကြားသည်။

ယခင်အစိုးရလက်ထက်က ကျောင်းအပ်ချိန် အလှူငွေကောက်ခံကြောင်း တိုင်ကြားစာရရှိလျှင် ပညာရေး ဝန်ကြီးဌာနမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ အဖွဲ့က စစ်ဆေးပြီးတွေ့ရှိပါက အပြစ်အနည်းအများ အ လိုက် ပြောင်းရွှေ့ပြစ်ဒဏ် သာချမှတ်ခဲ့ဖူးကြောင်း အဆိုပါ ပညာရေးမှူးက ပြောဆိုသည်။

"အခုက တအား ဖိအားပေးခံနေရတယ်။ ကျောင်းဆောင်တွေကတော့ ပေးတဲ့ အသုံးစရိတ်လောက်နဲ့ ရ သေ လာက် ပဲ ပြုပြင်သွားမှာပဲ" ဟု ရန်ကုန်မြို့တော်ရှိ ကျောင်းအုပ်ဆရာ တစ်ဦးက The Voice သို့ ပြော ဆိုသည်။

နှစ်စဉ် ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်ချိန် အလှူငွေကောက်ခံခြင်း၊ ကျောင်းပိုင်ပစ္စည်းများ ရောင်း ချခြင်း တို့ကို တားမြစ် ထားသော်လည်း အချို့အခြေခံ ပညာကျောင်းများတွင် အလှူငွေ ကောက်ခံမှုများ ရှိနေသေးကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။

လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရေးနေ့ များကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်ပြီး ဇွန်လ ၃ ရက် နေ့တွင် တစ်နိုင်ငံလုံး အခြေခံပညာ ကျောင်းများ ပြန် လည်ဖွင့်လှစ်မည် ဖြစ်သည်။

The Voice Weekly


SHARE THIS
Previous Post
Next Post