ဖုန်းလိုင်းကျပ်မှု ကြုံလျှင် သက်ဆိုင်ရာ အိတ်ချိန်းမှ ဖြေရှင်းပေးမည်


Wednesday, May 22, 2013
တန်ဖိုးနည်းဖုန်းများ ရောင်းချပြီးနောက် ဖုန်း
လိုင်းကျပ်တောက်မှု အချို့ ဖြစ်ပေါ်နေရာ ထိုသို့
ဖုန်းလိုင်း အဆင်မပြေမှုများ ရှိပါက မိမိကိုင်ေ
ဆာင်သည့် ဖုန်းနံပါတ်အလိုက် သက်ဆိုင်ရာ
ဆက်သွယ်ရေး အိတ်ချိန်းရုံးများကို မေးမြန်း၍
ဖြေရှင်းပေးကြောင်း သတင်းရရှိသည်။ လတ်
တလောတွင် ယခင်ရောင်းချပေးခဲ့သည့် ကျပ်နှ
စ်သိန်းဖုန်းများ သာမက ကျပ် ၁၅ သိန်းတန် ဖု
န်းများဖြစ်သည့် ၀၉၅၀ နှင့် ၀၉၅၁ ဖုန်းများ၌ပါ
လိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း
၎င်းဖုန်း ကိုင်ဆောင်သူများက ပြောသည်။ ထို
့အပြင် နှစ်သိန်းတန် GSM နှင့် နှစ်သိန်းခွဲတန်
WCDMA မိုဘိုင်းဖုန်းအချို့၌ ဖုန်းလိုင်းမမိခြင်ြးေ
ကာင့် အင်တာနက် တပ်ဆင်ထားသူများ သုံးစ
ွဲ၍ မရမှုများ ရှိနေသည်။ “တစ်ခါတလေဆို No
Service ဆိုပြီးတောင် ဖြစ်သွားတာ။ နံနက်ပိုင်
း စောစောတောင် ဖြစ်တယ်။ အခုဆို တစ်ပတ်
လောက် ရှိနေပြီ။ ဘယ်လိုလုပ်လို့ လုပ်ရမှန်းေ
တာင် မသိဘူး။ အင်တာနက်လည်း လုံးဝသုံးလို
့မရဘူး” ဟု WCDMA ဖုန်းသုံးစွဲသည့် အင်းစိန်ြ
မို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ ထို
သို့ ဖုန်းလိုင်း ပြတ်တောက်မှုများ ရှိပါက မိမိဖု
န်းနံပါတ် အလိုက် သက်ဆိုင်သည့် ဆက်သွယ်ေ
ရး အိတ်ချိန်းရုံးများသို့ ဖုန်းဆက်၍ ဖြေရှင်းနိုင်
ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အ
လက် နည်းပညာဝန်ကြီးဌာန ရတနာပုံကောလ်
စင်တာမှ သိရှိရသည်။ “ကိုယ်သုံးတဲ့ဖုန်းက လို
င်းမမိတာ၊ အဆင်မပြေတာမျိုးရှိရင် ဖုန်းနံပါတ်
ပေးရင် ကြည့်ပေးလို့ရတယ်။ ဘာလို့ဖြစ်တာ
လဲ ဆိုတာကို” ဟု ဆက်သွယ်ရေး အိတ်ချိန်းရုံး
တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သုံး
စွဲသည့် ဟန်ဆက်များကြောင့်လည်း လိုင်းပြတ်
တောက်မှုများ၊ ဖုန်းလိုင်းမမိခြင်းများ ရှိတတ်ြေ
ကာင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရ
သည်။ ထိုသို့ ဖုန်းလိုင်း အဆင်မပြေမှုများ ရှိပါ
က ၀၉၅၀ ဖုန်းများအတွက် ၀၁-၅၀၅၁၄၇၊
၀၉၅၁ နှင့် ၀၉၄၂ ဖုန်းများအတွက်
၀၁-၂၁၅၈၂၂၊ ၀၉၄၁ ဖုန်းများအတွက်
၀၁-၄၂၁၅၅၈၊ ၀၉၄၅ WCDMA ဖုန်းများအတွက်
၀၁-၅၃၂၂၅၇၊ ၀၁၅၃၇၂၀၁၊ ၀၉၇၃ ဖုန်းများအ
တွက် ၀၉-၇၃၀၀၀၀၀၀ နှင့် ၀၉-၇၃၁၁၁၁၁၁ အ
စရှိသည့် ဆက်သွယ်ရေး အိတ်ချိန်းရုံးများကို ဆ
က်သွယ်မေးမြန်းနိုင်ပြီး ဧပြီလအတွင်းက စတ
င်ရောင်းချခဲ့သည့် ကျပ် ၁၅၀၀ တန် CDMA 800
MHz ဖုန်းများအတွက် ၀၁-၆၅၆၉၉၄-၆ တွင် စုံ
စမ်းနိုင်ကြောင်း ရတနာပုံကောလ်စင်တာမှ သ
တင်းရရှိသည်။
7 Day News

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post