ရန်ကုန်မြို့ ရွှေတောင်တန်း ဗောတံတား၌ စက်တပ်သမ္ဗန် နစ်မြုပ်


Wednesday, May 22, 2013
ရန်ကုန်မြို့ ဆိပ်ကမ်းမြို့နယ် ရွှေတောင်တန်း
(၁) ဗောတံတားအနီး၌ ခရီးသည်နှင့် ကုန်တင်
စက်တပ်သမ္ဗန် တစ်စင်းသည် မေ ၂၁ ရက် နံန
က် ၅ နာရီခန်တွင် နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။ အဆိုပါ စက်တပ် သမ္ဗန်သည် ရန်
ကုန်-ကွမ်းခြံကုန်း မြို့နယ်သို့ ပြေးဆွဲလျက်ရှိ
သည့် ခရီးသည်နှင့် ကုန်တင် စက်တပ်သမ္ဗန် အ
မျိုးအစားဖြစ်ပြီး အမျိုးသား ၁၁ ဦး၊ အမျိုးသမီး
၁၃ ဦး စုစုပေါင်း ခရီးသည် ၂၄ ဦးနှင့် ဘိလပ်ေ
မြ၊ သံချောင်းနှင့် အခြားကုန်များ တင်ဆောင်
ကာ ရွှေတောင်တန်းဆိပ်ကမ်း ဗောတံတားအ
နီး ၁၀ ပေကျော် အကွာအဝေး အရောက်၌ ရေ
စီးအားကို မထိန်းနိုင်ဘဲ နစ်မြုပ်သွားခြင်း ဖြစ်
သည်။ စက်တပ်သမ္ဗန် နစ်မြုပ်မှုတွင် အမျိုးသား
ကိုးဦး၊ အမျိုးသမီး ခြောက်ဦးကို ကယ်တင်နိုင်
ခဲ့ပြီး အမျိုးသမီးအလောင်း တစ်လောင်းကို ရှာ
ဖွေ တွေ့ရှိခဲ့သည်။ ကျန်ပျောက်ဆုံးနေသူများကို
ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။ နစ်မြုပ်သွာ
းသည့် စက်တပ် သမ္ဗန်မှာ အောင်ရတနာမြင့်ြ
ဖစ်ပြီး အလျား ၃၆ ပေ၊ အနံ ၉ ပေ၊ ဇောက် ၅
ပေ ရှိကြောင်း ၂၀၁၃ ခုနှစ် မေလ ၂၂ ရက်နေ
့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါ
သည်။
Khit Lu Nge

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post