မန်ယူနည်းပြသစ် အဖြစ် အဲဗာတန် နည်းပြ ဒေးဗစ်မိုရက်စ်အား ခန့်အပ်

လန်ဒန် မေ ၉
အဲဗာတန် နည်းပြ ဒေးဗစ်မိုရက်စ်သည် မန်ယူနည်းပြ ဖာဂူဆန် အနားယူ ပြီးနောက်တွင် အိုးထရက်ဖို့ဒ်၏ နည်းပြသစ် အဖြစ် တာဝန်ယူရန် သဘောတူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အသက် ၇၁ နှစ် ရှိပြီဖြစ်သော
ဖာဂူဆန်သည် အိုးထရက်ဖို့ဒ်၌ ၂၇ နှစ်နီးပါး တာဝန်ယူခဲ့ပြီးနောက် နည်းပြ ရာထူးမှ နုတ်ထွက်ရန် ၎င်း၏ ဆုံးဖြတ်ချက်ကို မေ ၈ ရက်က ထုတ်ဖော်ပြောကြား ထားသည်။
အသက် ၅၁ နှစ်ရှိ ဒေးဗစ်မိုရက်စ်သည် ၂၀၀၂ ခုနှစ် ကတည်းက ဂူဒီဆင်ပတ်စ်တွင် နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး မေ ၈ ရက် ညနေတွင် အဲဗာတန် အသင်း၏ ဥက္ကဌ ဘေလ်ကင် ရိုက်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၎င်းသည် မန်ယူနည်းပြ အဖြစ် ယခု ရာသီကုန်တွင် စတင် တာဝန်ယူမည် ဖြစ်သည်။

မြ၀တီ

SHARE THIS
Previous Post
Next Post