ဆွဲခန့် ဆရာ ဆရာမများ ခန့်အပ်မည်



ပြည်နယ် နှင့် တိုင်းဒေသကြီး ရှိ အစိုးရ အခြေခံ ကျောင်းမား၌ ဆရာ ဆရာမ လုံလောက်မှု မရှိသဖြင့် ဘွဲ့ရရှိပြီး သူများ အခြေခံ ပညာ အထက်တန်း အောင်မြင်ပြီး သူများ နှင့် ဆရာအတတ်သင် ကျောင်းဆင်း ဘွဲ့ရများအား ဆရာ ဆရာမအဖြစ် ခန့်အပ် သွားမည်ဟု ပညာရေး ၀န်ကြီးဌာန က သိရသည်။

အစိုးရ ကျောင်းဆရာ ဆရာမ အဖြစ် ခန့်အပ်ခံ ရသူများ အနေဖြင့် ဆရာ အတတ်သင် သင်တန်းကျောင်း များသို့ ဆက်လက် တက်ရောက် နိုင်မည် ဖြစ်ကြောင်း ၊ မူလတန်း ကျောင်းများ အတွက် ဆရာ ဆရာမ များကို ဘွဲ့ရရှိပြီး သူများနှင့် အခြေခံ ပညာ အထက်တန်း အဆင့် အောင်မြင်သူ များအား ခန့်အပ် သွားမည် ဖြစ်ပြီး ဆရာ အတတ်သင်ဘွဲ့ ရရှိထား သူများကို အလယ်တန်းပြ ဆရာ ဆရာမ များအဖြစ် ခန့်အပ် သွားမည် ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော် အစိုးရမှ ၂၀၁၃ - ၂၀၁၄ ခုနှစ် ပညာသင်နှစ်တွင် ပညာရေး ကဏ္ဍများ အတွက် ငွေကျပ် ဘီလီယံ ၉၀၀ ခန့် သုံးစွဲ သွားမည် ဖြစ်ပြီး သင်ထောက်ကူ ပစ္စည်းများ ၊ ကွန်ပျူတာ နှင့် ဆက်စပ် ပစ္စည်းများကို လက်တွေ့ အသုံးပြု သင်ကြား နိုင်ရန် ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Myanmar Updated News

SHARE THIS
Previous Post
Next Post