တောင်ကိုရီယားနှင့် စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန် လေယာဉ်တင်သင်္ဘော ပါဝင်လာ


ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်နေပြီး မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံက နျူကလီးယားဖြင့် ခြိမ်းခြောက်မှုများ ရှိနေသည့်တိုင် ယခုအခါ USS Nimitz သင်္ဘောကြီးသည် ၎င်းတို့၏ မဟာမိတ် နိုင်ငံနှင့် ပူးပေါင်းမှုတွင် ပါဝင်လေ့ကျင့် စစ်ကစားမည် ဖြစ်သည်

မြောက်ကိုရီးယား၏ အမျက်ဒေါသနှင့် ကြုံရနိုင်သည့် အခြေအနေ ရှိသော်လည်း အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစ်သင်းသည် တောင်ကိုရီးယားနှင့် စစ်ရေးလေ့ကျင့်မှုတွင် ပူးပေါင်း ပါဝင်လာခဲ့သည်။ ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်နေပြီး မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံက နျူကလီးယားဖြင့် ခြိမ်းခြောက်မှုများ ရှိနေသည့်တိုင် ယခုအခါ USS Nimitz သင်္ဘောကြီးသည် ၎င်းတို့၏ မဟာမိတ် နိုင်ငံနှင့် ပူးပေါင်းမှုတွင် ပါဝင်လေ့ကျင့် စစ်ကစားမည် ဖြစ်သည်။ Nimitzသည် တန်ချိန် (၉၇၀၀၀)အလေးချန် ရှိပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံး စစ်သင်္ဘောများအနက် တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ ၎င်းသည် တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းသို့ ဆိုက်ရောက်လာပြီး (၂)နှစ်ကြာ စစ်ရေး လေ့ကျင့်မှုတွင် ပူးပေါင်းမည် ဖြစ်သည်။



"စစ်ဆင်ရေးမှာ လေယာဉ်တင် သင်္ဘောပေါ်ကနေ လေယာဉ်တွေ ပျံသန်း စစ်ဆင်တာ၊ ခံစစ်တည်ဆောက်တာတွေ ပါဝင်ပါမယ်။ ပြီးတော့ ရေမျက်နှာပြင်ပေါ်မှာ တိုက်စစ်ဆင်တာတွေကအစ နှစ်နိုင်ငံ အရာရှိတွေ ပူးပေါင်း ဆောင်ရွက်တာအထိ အတူတူ လုပ်ဆောင်သွားမှာပါ"ဟု အမေရိကန် ရေတပ်က ကြေညာခဲ့သည်။ ယခု စစ်ရေးလေ့ကျင့်မှုတွင် ပဲ့ထိန်း ဒုံးကျည်တပ် တိုက်သင်္ဘောများ အပါအဝင် အခြားရေတပ် သင်္ဘောများလည်း အမေရိကန်ဘက်မှ ပါဝင် ပေါင်းစပ်လာမည် ဖြစ်သည်။

မြောက်ကိုရီးယားနှင့် စစ်ရေးအရ တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် အမေရိကန်နှင့် တောင်ကိုရီးယား မဟာမိတ် နိုင်ငံသည် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့သည်။ မြောက်ကိုရီးယားဘက်မှ Nimitz လေယာဉ်တင် သင်္ဘောကြီး ရောက်လာခြင်းသည် စစ်သင်္ချိုင်းအတွက် လှုံ့ဆော်မှုဟု ပြောကြားထားသည်။ မြောက်ကိုရီးယား အစိုးရပိုင် သတင်းစာ တစ်စောင်ဖြစ်သည့် ရိုဒွန်ဆင်မွန်းက "ဒါဟာ ကျွန်ုပ်တို့ဘက်ကို အကြောင်းမဲ့သက်သက် ရန်စခြိမ်းခြောက်တာပဲ ဖြစ်တယ်။ ဒီလုပ်ရပ်ကြောင့် ကျွန်းဆွယ်မှာ နျူကလီးယားစစ်ပွဲ စတင်ဖို့ ပိုပြီး အကြောင်းသင့်လာရုံပဲ ရှိတယ်"ဟု ဝေဖန်ရေးသားခဲ့သည်။

Source: HindustanTimes

SHARE THIS
Previous Post
Next Post