“ဖိလစ်ပိုင်နှင့်ထိုင်ဝမ် နှစ်နိုင်ငံကြား တင်းမာနေမှုအတွက် အမေရိကန် စိုးရိမ်”


Thursday, May 16, 2013

လက်ရှိ ဖြစ်ပေါ်နေသည် ဖိလစ်ပိုင်နှင့် ထိုင်ဝမ်တို့ကြား တင်းမာမှုများအတွက် မိမိတို့ စိုးရိမ်ကြောင်း အမေရိကန် အစိုးရက ထုတ်ဖော် ပြောဆိုလာခဲ့သည်။ ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့က ထိုင်ဝမ် တံငါသည် တစ်ဦးကို အသေပစ်သတ်ခဲ့သည့် ပြီးခဲ့သည့် သီတင်းပတ် ဖြစ်စဉ်အတွက်
နှစ်နိုင်ငံကြား ပြဿနာများ ဖြစ်ပေါ်နေရာ ယင်းအတွက် မိမိတို့ မလိုလားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြား
ခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးဖြစ်သော ပက်ထရစ် ဗန်ထရဲလ်က "ဝမ်းနည်း ကြေကွဲစရာ အဖြစ်တစ်ခုကနေ
နောက်ထပ် အဆိုးဘက် ဦးတည်လာမယ့် ဆက်ဆံရေး အေးခဲမှု အားလုံးကို သတိပြုဖို့ တိုက်တွန်းလိုပါတယ်"ဟု ဆိုသည်။

Planet.com.mm

“ဖိလစ်ပိုင်နှင့်ထိုင်ဝမ် နှစ်နိုင်ငံကြား တင်းမာနေမှုအတွက် အမေရိကန်
စိုးရိမ်”
Thursday, May 16, 2013

လက်ရှိ ဖြစ်ပေါ်နေသည် ဖိလစ်ပိုင်နှင့် ထိုင်ဝမ်တို့ကြား တင်းမာမှုများအတွက် မိမိတို့ စိုးရိမ်ကြောင်း အမေရိကန် အစိုးရက ထုတ်ဖော် ပြောဆိုလာခဲ့သည်။ ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့က ထိုင်ဝမ် တံငါသည် တစ်ဦးကို အသေပစ်သတ်ခဲ့သည့် ပြီးခဲ့သည့် သီတင်းပတ် ဖြစ်စဉ်အတွက်
နှစ်နိုင်ငံကြား ပြဿနာများ ဖြစ်ပေါ်နေရာ ယင်းအတွက် မိမိတို့ မလိုလားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြား
ခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးဖြစ်သော ပက်ထရစ် ဗန်ထရဲလ်က "ဝမ်းနည်း ကြေကွဲစရာ အဖြစ်တစ်ခုကနေ
နောက်ထပ် အဆိုးဘက် ဦးတည်လာမယ့် ဆက်ဆံရေး အေးခဲမှု အားလုံးကို သတိပြုဖို့ တိုက်တွန်းလိုပါတယ်"ဟု ဆိုသည်။

Planet.com.mm

SHARE THIS
Previous Post
Next Post