မုန်တိုင်း MAHASEN ၏ တိမ်တိုက်များ ကုန်းတွင်းသို့ စတင်ဖြတ်ကျော်ဝင်ရောက်လျှက်ရှိ

မေလ ၁၆ ရက် ၂၀၁၃

JTWC မှ မြန်မာစံတော်ချိန် နံနက် ဝ၉၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ – ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် ၁၇၅ မိုင်ခန့်၊ မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် ၁၉၅ မိုင်ခန့်၊ မောင်တောမြို့ အနောက်ဘက် မိုင် ၁၆ဝ ခန့်အကွာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း ပင်လယ်တွင် ဗဟိုပြုနေပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း အရှေ့မြောက်ဘက်သို့ တစ်နာရီ ၁၃ မိုင်နှုန်းခန့်ဖြင့်ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။

နောက်ဆုံး ရရှိသည့် အချက်အလက်များအရ မုန်တိုင်း MAHASEN သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး မုန်တိုင်း၏ ဗဟိုသည် ယနေ့နံနက် ၆ နာရီမှ လာမည့် ၁၂ နာရီ(မေလ ၁၆ ရက် မြန်မာစံတော်ချိန် ညနေ ၁၈၃ဝ နာရီမတိုင်မီ ကုန်းတွင်းသို့ စတင်ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ပြီး မုန်တိုင်း လမ်းကြောင်း သိသာစွာ ပြောင်းလဲ ခြင်း မရှိပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ပေါ်မှ ဖြတ်ကျော်၍ ကုန်းတွင်းသို့ ဝင်ရောက်မည်ဖြစ်ပါသည်။ မုန်တိုင်း ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည့် စစ်တကောင်းမြို့သည့် မြန်မာနိုင်ငံ မောင်တောမြို့၏ မြောက်-အနောက်မြောက်ဘက် ၁ဝ၉ မိုင်ခန့်တွင် တည်ရှိပါသည်။

မုန်တိုင်း၏ ရှေ့ပိုင်း တိမ်တိုက်များသည် ကုန်းတွင်းသို့ စတင်ဝင်ရောက်နေပြီ ဖြစ်ကာ မုန်တိုင်းတိမ်တိုက်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းနှင့် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဒေသများကို ကျော်ဖြတ်ကာ ကုန်းတွင်းသို့ စတင်ပြီး ပျံ့နှံ့ဝင်ရောက်လျှက်ရှိနေကြာင်း ယနေ့ နေ့လည် ၁၂းဝဝ နာရီတွင် ရရှိသည့် ဂြိုလ်တုတိမ်ပုံ(ပုံ-၂) တွင် တွေ့နိုင်ပါသည်။

MMweather Page

SHARE THIS
Previous Post
Next Post