Thursday, May 16, 2013
စစ်တွေမြို့အနီးပါတ်ဝန်းကျင်နှင
၏မေလ ၁၅ ရက်နေ့ ညပိုင်းမှ စတင်ကာ သည်းထန်စွာ ရွာသွန်းခဲ့ခြင်း
ဖြစ်ပြီး မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မိုးရွာသွန်းမှု လျှော့နည်း
နေကြောင်း မြို့ပေါ်၌ လူသွားလူလာ နည်းပါးလျက် ရှိကြောင်းလည်း သိရှိရသည်။
ရခိုင်တိုင်းရင်းသား အိမ်ထောင်စု များအား မုန်တိုင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပြီးဖြစ်ပြီး ဘင်္ဂါလီ အိမ်ထောင်စု များမှာမူ ရွှေ့ပြောင်းပေး
နေရဆဲ ဖြစ်ကြောင်းလည်း သိရှိရသည်။
ဆိုင်ကလုန်း မဟာဆန်သည် မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင်
စစ်တွေမြို့၏ အနောက်ဘက် မိုင် ၁၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။ ။
s.m.Aunng
မြန်မာဓိက