ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်း ရုရှားနိုင်ငံ အလည်အပတ် ခရီးသွားမည်

Thursday, May 16, 2013

ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်းသည် ရုရှား နိုင်ငံ သို့ မေ ၁၆ ရက်မှ ၁၉ ရက်အထိ ချစ်ကြည်ရေး အလည်အပတ် ခရီး လာရောက်မည် ဖြစ်ကြောင်းနှင့် မေ ၁၇ ရက်တွင် ရုရှား နိုင်ငံခြားရေး ၀န်ကြီး ဆာဂျီလက်ရော့ဗ်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေး ၀န်ကြီး ဌာနက ထုတ်ပြန် ကြေညာ ခဲ့သည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် အရှေ့ အလယ်ပိုင်း ဒေသ ၏ မြောက် အာဖရိက အခြေအနေ၊ ဆီးရီးယား နိုင်ငံ ပဋိပက္ခ၊ ကိုရီးယား ကျွန်းဆွယ် အခြေအနေများ အပါအ၀င် နိုင်ငံ တကာ ကိစ္စရပ် များအား ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။

ဘန်ကီမွန်းသည် လွန်ခဲ့သော သီတင်းပတ်က ရုရှား နိုင်ငံခြားရေး ၀န်ကြီး ဆာဂျီလက်ရော့ဗ်၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ တို့နှင့် တယ်လီဖုန်း ဆက်သွယ် ပြောဆို မှုများ ပြုလုပ်ခဲ့ကြောင်း ဘန်ကီမွန်း ၏ ပြောရေး ဆိုခွင့်ရှိသူ မာတင် နီဆာကီက ပြောကြားခဲ့သည်။

မြ၀တီ

SHARE THIS
Previous Post
Next Post