ယနေ့ နံနက်ခင်း စစ်တွေနဲ့ မဟာစင်အခြေအနေ

၁၅.၅.၂၀၁၃ ရက်နေ့ ညဥ့် (၁၁)နာရီကတည်း မိုးသည်းထန်စွာရွာပြီး ၁၆.၅.၂၀၁၃ ရက် နံနက် (၁၁)နာရီထိ ရွာသွန်းလျှက်ရှိပါသည်။ လေမှာ မုန်တိုင်းအဆင့်ထိမဟုတ်ဘဲ၊ တချက်တချက် လေပြင်းတိုက်ခိုက်မှုများရှိပါသည်။ စစ်တွေမြို့ မြို့မဈေးအပါအ၀င် ဈေးဆိုင်များ အားလုံးကို ပိတ်ထားပြီ ဈေးသည်များမှ ပစ္စည်းများကို ဘေးလွတ်ရာသို့ သယ်ယူမှုများကိုလည်း တွေ့ရှိရပါသည်။ လမ်းပေါ်တွင်လည်း လူသွားလူလာနည်းပြီး အစိုးရပိုင် ရေဒီယိုများမှ (၂)နာရီခြား တစ်ကြိမ်စီ မုန်တိုင်းသတင်းအား ကြော်ငြာလျှက်ရှိပါသည်။ မုန်တိုင်းရှောင်ရန်အတွက် နယ်ဖက်မှ လူများ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် တခြား လုံခြုံရာဒေသများသို့ တဖွဲ့တဖွဲ့ဖြင့် လာရောက် ခိုလုံမှုများ ဆက်တိုက်ရှိနေပါသည်။ ထူးခြားချက်မှာ အစိုးရမှ ဘင်္ဂလီများအား ဘေးကင်းရာသို့ ပြောင်းရွေ့ပေးမည်ဆိုသော်လည်း ဘင်္ဂလီများမှ ငြင်းဆန်လျှက်ရှိပြီး ပြည်နယ်အစိုးရမှ “နောက်ကနေ ကြိုးကိုင်နေသူများရှိသည်ဟု” သုံးသပ်ပြောဆိုချက်များရှိနေပါသည်။ ယခုအခါ စစ်တွေမြို့ပေါ်တွင် ပြည်တွင်း ၊ ပြည်မှ သတင်းထောက်များ ၊ အများအပြားလာရောက် သတင်းယူလျှက်ရှိသည်ကို တွေ့ရှိရပါသည်။ ဓာတ်ပုံ - ၁၆.၅.၂၀၁၃ ရက်နေ့ နံနက်ပိုင်းမြင်းကွင်း 

RSV

SHARE THIS
Previous Post
Next Post