ခြောက်နာရီ အတွင်း အုန်းသီး အလုံးပေါင်း ၅၀၀ ကို သွားဖြင့်ကိုက်၍ အခွံ ခွာနိုင်သည့် အမျိုးသားကြီး ဂင်းနစ် စံချိန်တင်ရန် ကြိုးပမ်း သွားမည်ဟုဆို

ပနားမား နိုင်ငံမှ အန်ဒရေ ဂါဒင် အမည်ရှိ အမျိုးသား ကြီးသည် အုန်းသီးကို သွားဖြင့် ကိုက်၍ အမြန်ဆုံး အခွံ ခွာနိုင်သောကြောင့် ၎င်းကို အများက အုန်းသီး အခွံခွာ လူသားအဖြစ် တင်စား ခေါ်ဝေါ်ကြသည်။

ဂါဒင်၏ အသက်မှာ ၆၄ နှစ်အရွယ် ရှိပြီဖြစ်ပြီး ၎င်း၏ ထူးခြားသော အရည် အချင်းကြောင့် ဂင်းနစ် မှတ်တမ်းတင် ခံသင့်ကြောင်း ၎င်းက အခိုင်အမာ ပြောကြားထားသည်။

ဂါဒင်၏ အသက် အရွယ်တွင် လူအများစုက နားနားနေနေ နေထိုင်ရန်သာ စိတ်ဝင်စား သော်လည်း ၎င်းကမူ ၁၁ နှစ်အရွယ်မှ စ၍ အုန်းသီးများကို သွားဖြင့် ကျွမ်းကျင်စွာ ခွာလာ ခဲ့သည်မှာ ယနေ့ အချိန်အထိပင် ဖြစ်သည်။

၎င်းသည် ပနားမား စီးတီးမြို့တွင် ခြောက်နာရီ အတွင်း အုန်းသီး အလုံးပေါင်း ၅၀၀ ကိုသွားနှင့် လက်ကိုသာ အသုံးပြု၍ အမြန်ဆုံး ခွာပြ နိုင်ခဲ့ပြီး သူ၏ အရည် အချင်းမျိုး မည်သူ့ ထံတွင်မှ မရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

ဂါဒင်သည် ယခုအခါ ပနားမား နိုင်ငံရှိ ကာရစ်ဘီယံ ကမ်းရိုးတန်းသို့ လာရောက် လည်ပတ်သော ခရီးသွား ဧည့်သည်များအား သူ၏ အုန်းသီးခွာ စွမ်းရည်ကို ပြသလျက် ရှိရာ ခရီးသွားများ တအံ့ တသြဖြင့် ၎င်း၏ စွမ်းဆောင်ချက်ကို ဗီဒီယို မှတ်တမ်းတင်ခဲ့ ကြသည်ဟု သိရသည်။

မိမိ အနေဖြင့် အုန်းသီးများကို သွားဖြင့် အမြန်ဆုံး ခွာနိုင်သူ အဖြစ် ကမ္ဘာ့စံချိန် တင်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဂါဒင်က ပြောကြား ခဲ့သည်ဟု သိရသည်။

http://bit.ly/102LXrk

SHARE THIS
Previous Post
Next Post