စင်ကာပူ နိုင်ငံက ပထမဆုံး ထုတ်လုပ်ခဲ့သည့် H1N1 ရောဂါ ကာကွယ်ဆေးကို စမ်းသပ် စစ်ဆေးမှုများ စတင် လုပ်ဆောင်လျက်ရှိ

စင်ကာပူနိုင်ငံ သိပ္ပံနှင့် နည်းပညာ သုတေသန အေဂျင်စီနှင့် ဆွစ်ဇာလန် အခြေစိုက် စိုင်တို့စ် ဇီဝနည်းပညာ AG တို့မှ သုတေသန ပညာရှင်များ ပူးပေါင်း ၍ H1N1 ကြက်ငှက် တုပ်ကွေးရောဂါ
ကာကွယ်ဆေး တစ်မျိုးကို ပထမဆုံးအကြိမ် ထုတ်လုပ်နိုင်ခဲ့ကြောင်း စင်ကာပူနိုင်ငံရှိ သိပ္ပံနှင့် နည်းပညာ သုတေသန အေဂျင်စီက မေ ၁၇ ရက်တွင် ထုတ်ဖော် ကြေညာခဲ့သည်။

တုပ်ကွေး ရောဂါပိုး ကူးစက်မှုနှင့် တစ်ကမ္ဘာလုံး၌ တွေ့ရှိရသော ရောဂါပိုးများကို တိုက်ဖျက်ရာတွင် ထိရောက်မှု ရှိစေရန် ရည်ရွယ်ချက်ဖြင့် စင်ကာပူ နိုင်ငံတွင် အဆိုပါ တုပ်ကွေး ရောဂါကာကွယ်ဆေး ထုတ်လုပ်မှုကို အရှိန်အဟုန် တိုးမြှင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းအေဂျင်စီမှ ပြောကြားထားသည်။

တုပ်ကွေး ရောဂါကာကွယ်ဆေးတွင် ပါဝင်သော ပစ္စည်းများ၏ ဂုဏ်သတ္တိ၊ ဘေးအန္တရာယ် ကင်းရှင်းမှုရှိ၊ မရှိနှင့် H1N1 ကြက်ငှက်တုပ်ကွေး ရောဂါပိုး ကူးစက်မှုကို တိုက်ဖျက်ရာတွင် ထိရောက်မှုရှိ၊ မရှိကို ပထမအဆင့် လက်တွေ့ စမ်းသပ်မှုတွင် ချင့်ချိန်အကဲ ဖြတ်လေ့လာ သွားမည်ဖြစ်ကြောင်း စင်ကာပူ သိပ္ပံနှင့် နည်းပညာ သုတေသန အေဂျင်စီက အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ တုပ်ကွေးရောဂါ ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ခြင်းသည် စင်ကာပူနိုင်ငံ၏ ပထမဆုံးအကြိမ် ကြိုးပမ်းမှု တစ်ရပ်ဖြစ်ပြီး တုပ်ကွေး ရောဂါပိုး ကူးစက်ခံရချိန်တွင် ယုံကြည် စိတ်ချစွာ သုံးစွဲနိုင်ရန် အတွက် လျင်လျင်မြန်မြန် ထုတ်လုပ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း ပါမောက္ခတစ်ဦးက ပြောကြားခဲ့သည်။
မြ၀တီ

http://www.myawady.com.mm/allnews/global/item/14288-2013-05-19-08-37-59

SHARE THIS
Previous Post
Next Post