ကော့သောင်းတွင် မတော်တဆဖြစ် လေယာဉ် တရုတ် ပညာရှင်များ စစ်ဆေး

ကော့သောင်းမြို့တွင် မတော်တဆ ဖြစ်ပွား
ခဲ့သော မြန်မာ့လေကြောင်းပိုင်တရုတ်နိုင်ငံထုတ်
ခရီးသည်တင် လေယာဉ်ကို တရုတ်ပြည်သူ့သမ္မတနိုင်
ငံမှ ကျွမ်းကျင် ပညာရှင်များနှင့်စစ်ဆေးမည်
ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး
ညွှန်ကြားမှု ဦးစီးဌာန လေယာဉ် မတော်တ
ဆ ထိခိုက်မှု စုံစမ်းရေးအဖွဲ့ တာဝန်ခံ ဦးမျိုး
သန့်က ပြောကြားသည်။
လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု
ဦးစီးဌာနမှ စစ်ဆေးရေး အဖွဲ့များနှင့် တ
ရုတ်ပညာရှင် များသည် ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်၍ ကော့သောင်းမြို့ တွင် လေယာဉ်ကို စစ်ဆေးနေပြီးနောက် ရန်ကုန်တွင်ရှိသော MA 60 လေယာဉ်နှင့် နှိုင်းယှဉ် စစ်ဆေးသွားမည် ဖြစ်
ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။
“စစ်ဆေးမှုက တစ်ပတ်လောက် ကြာမယ်” ဟု ၎င်းကဆိုသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှကိုယ်စားလှယ်များနှင့် လေယာဉ် ထုတ်လုပ်သည့် Xian Aircraft Manufacture
ကုမ္ပဏီမှ ကျွမ်းကျင် ပညာရှင်များက စစ်ဆေးရေးအတွက်အကူအညီပေးခြင်းဖြစ်ကြောင်းဦးမျိုးညွှန့်က ပြောကြားသည်။
မိုင်းဆတ်တွင် မတော်တဆ ဖြစ်ပွားခဲ့သော လေယာဉ်ကို စစ်ဆေး ပြီးဖြစ်ရာ ကော့သောင်း
တွင် တစ်လအတွင်း ထပ်မံ၍ မတော်တဆ ဖြစ်ပွား ခဲ့သော လေယာဉ်ကို စစ်ဆေး ပြီးစီးပါက လေယာဉ် နှစ်စင်းလုံးအတွက် သတင်းစာ ရှင်းလင်
းပွဲကို ပြုလုပ်သွားမည် ဖြစ်ကြောင်း လေေ
ကြာင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီ
းဌာနထံမှ စုံစမ်း သိရှိရသည်။
မေလ ၁၆ ရက်နေ့က မိုင်းဆတ်တွင် တစ်ကြိမ်၊ ဇ
ွန်လ ၁၀ ရက်နေ့ က ကော့သောင်းတွင် တစ်ကြိ
မ် စုစုပေါင်း နှစ်ကြိမ်တိုင် တရုတ်နိုင်ငံလုပ် MA
60 လေယာဉ်များ မတော်တဆမှုများ ဖြစ်ပွာ
းခဲ့သည့်အတွက် ယင်းလေယာဉ် အမျိုးအစားများကို
ပြေးဆွဲခွင့် ရပ်နားထားကြောင်း မြန်မ
ာ့လေကြောင်းထံမှ စုံစမ်း သိရှိရသည်။
ယင်းဇွန်လ ၁၀ ရက်နေ့တွင် အင်ဒိုနီးရှားနိ
ုင်ငံတွင်လည်း အဆိုပါ လေယာဉ် အမျိုးအစားပင်
မတော်တဆမှု တစ်ခု ဖြစ်ခဲ့သည်။
The Voice

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post