ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ် မိမိအနေဖြင့်ပုဂ္ဂိုလ်ရေး မုန်းတီးမှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


Thursday, 01 August 2013
ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ် မိမိအနေဖြင့်
ပုဂ္ဂိုလ်ရေးမုန်းတီးမှုနှင့် အာဃာတထားရှိခြ
င်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဇူ
လိုင် ၃၁ ရက်က သတင်းထောက်များနှင့် တွေ့ဆုံစ
ဉ် ပြောကြားသည်။
"အရင်အစိုးရ လက်ထက်တုန်းက နိုင်ငံရေးလုပ်တဲ့ ဖြ
စ်စဉ်ကြောင့် အကျယ်ချုပ် ချခံရတာတွေ ရှိခဲ့တယ်။
ဘယ်သူ့ကိုမှ မုန်းတီးမှု မရှိပါဘူး။ နိုင်ငံရေး
လုပ်လို့ ဖြစ်ရတယ်လို့ပဲ သဘောထားတယ်။ ဦးသ
န်းရွှေကို ဒီလိုလုပ်ခဲ့တယ်ဆိုပြီး မုန်းတီးနေတာ
မရှိပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော
ကြားသည်။
ယခင်က ဗိုလ်ချုပ်ကြီး စောမောင်နှင့် မည်သည့်ကိစ
္စမျှ ဆွေးနွေးခဲ့မှု မရှိကြောင်း၊ ဦးသန်
းရွှေ လက်အောက်တွင်လည်း အကျယ်ချုပ် ချခံခဲ့ရေ
ကြာင်း၊ ဦးသန်းရွှေ လုပ်ပါတယ်ဆိုပြီး စိတ်
ထဲတွင် မရှိကြောင်း၊ ပုဂ္ဂိုလ်ရေးအရ ဒီလူကလု
ပ်ပါတယ်၊ ဟိုလူက လုပ်ပါတယ်၊ ဟုတ်ရင်ဟုတ်မယ်၊ မ
ဟုတ်ရင်မဟုတ်ဘူး။ ဒါကအဓိက မဟုတ်ကြောင်း၊
ကိုယ်ယုံကြည်လို့ ကိုယ်လုပ်နေတာဖြစ်ကြောင်း၊ ကို
ယ်ယုံကြည်တာလုပ်လို့ ပြဿနာဖြစ်ရင်လည်း ရင်ဆိုင်
ရမည်ဖြစ်ကြောင်း၊ အလုပ်လုပ်နေတာက အပြစ်
ရှာရန် မဟုတ်ကြောင်း၊ အဖြေရှာရန်သာဖြစ
်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြ
ားသည်။
"နောက်ကြောင်းပြန်ပြောတာတွေ မလုပ်ချ
င်ဘူး။ ရှေ့ကို နိုင်ငံကောင်းအောင် ဘယ်လိုလုပ်မ
လဲ ဆိုတာဘဲ စဉ်းစားပါတယ်။ လက်စားချေဖို့ စိ
တ်ကတော့ လုံးဝမရှိဘူး။ အန်တီအမြဲ ပြောခဲ့တယ်
။ အန်တီ့ကို ကောင်းကောင်းထားခဲ့ပါတယ်။ ပုဂ
္ဂိုလ်ရေးအရ မုန်းတီးမှုများ မရှိခဲ့ပါဘူး။ အ
မျိုးသား ရင်ကြားစေ့ရေးကိုပဲ ဦးတည်ထားပါ
တယ်။ အန်တီ့ရဲ့ စိတ်အရကတော့ လက်စားချေလိုစိတ်
မရှိဘူး။ မှန်တယ်ထင်ရင် လုပ်မယ်။ မမှန်ဘူးထင်ရ
င် မလုပ်ဘူး။ နိုင်ငံအတွက် ကောင်းအောင်လုပ်ဖို
့ပဲ စဉ်းစားထားပါတယ်" ဟု ဒေါ်အောင်ဆန်း
စုကြည်က ပြောကြားသည်။
လက်ရှိတွင် ကော့မှူးမြို့နယ် တိုးတက်ရန်အတွက်
ဆောင်ရွက်နေကြောင်း၊ တစ်နိုင်ငံလုံး တိုးတက်
ရန်အတွက် ဆောင်ရွက်လိုကြောင်း၊ မဲဆန္ဒရှင်
တွေအတွက် အဓိကထားပြီး လုပ်ဆောင်နေကြေ
ာင်း ပြောကြားသည်။
EMG

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post