လေယာဉ်ဘီးမှ ခိုးလိုက်ခဲ့သူ ကလေးငယ်အား Arikလေကြောင်းလိုင်းမှ လုံခြုံရေး ၀န်ထမ်းများဖမ်းဆီး


Arik လေကြောင်းလိုင်းမှ လေယာဉ် တစ်စင်း၏ဘီးများအတွင်း တိတ်တဆိတ် ခိုး၍ လိုက်လာခဲ့သောဆယ်ကျော်သက် ကလေးငယ် တစ်ဦးအား လာဂို့စ်မြို့ရှိ Murtala Muhammed လေဆိပ်တွင် အာဏာပိုင် များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်းကလေးငယ်သည် မြေပြင်ပေါ်သို့ လေယာဉ် ဆင်းသက်ပြီးနောက် လေ ယာဉ်ဘီးများ ပေါ်မှ ခုန်ချ ခဲ့သည်ကို တွေ့ရကြောင်း၊ Arik လေကြောင်းလိုင်းမှ W 3544 လေယာဉ်သည် လာဂို့စ် မြို
့သို့ သြဂုတ် ၂၅ ရက် နံနက် ၉ နာရီက ဆိုက်ရောက်ခဲ့ပြီး ကလေးငယ် တစ်ဦး လေယာဉ် ဘီးတွင် ခိုး၍ လိုက်ပါလာခဲ့ကြောင်း ထိန်းချုပ်ရေး မျှော်စင်က လေကြောင်း အရာရှိကို သတင်း ပို့ခဲ့သဖြင့်
လုံခြုံရေး ၀န်ထမ်းများက သွားရောက် ဖမ်း
ဆီးခဲ့ကြောင်း၊ လေယာဉ်ဘီး အတွင်းသို့ ခိုး
ဝင်ခဲ့သည့် အဆိုပါ ကလေးငယ်၏ လုပ်ရပ်သည် Arik လေကြောင်းလိုင်းမှ တာဝန်ရှိသူ များကို အံ့အားသင့်စေ ခဲ့ပြီး အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဖြေရှင်းရန် နိုက်ဂျီးရီးယား လေဆိပ် အာဏာပိုင် များအား မေတ္တာရပ်ခံ ခဲ့ကြောင်း Arik လေကြောင်းလိုင်းမှ အမှုဆောင် ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။

မြ၀တီ

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post