ပြည်သူ့ရင်ပြင်ပန်းခြံအတွင်းရှိ ကလေးရေ ကစားကန်အတွင်းလူငယ်တစ်ဦးသေဆုံးနေသည်ကိုတွေ့ရှိ


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံ အတွင်းNatural Worldကုမ္ပဏီမှတာဝန်ယူလုပ်ကိုင်နေသည့် အခမဲ့ ကလေးရေကစားကန် အတွင်း လူငယ်တစ်ဦး သေဆုံး လျက်အနေ
အထားဖြင့် တွေ့ရှိရ သောကြောင့် ဒဂုံမြို့
နယ်ရဲစခန်းမှ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၂၇ ရက်နေ့ နေ့ လယ် ၂ နာရီအချိန်တွင် အဆိုပါ သေဆုံးနေသူအား လုံခြုံရေးဝန်ထမ်းများမှစတင်သတိထားမိပြီး နောက် တာဝန်ရှိသူများထံ အကြောင်းကြား၍ သွားရောက် စစ်ဆေးရာ ရေအနက်တစ်ပေခွဲ ခန့်တွင် ထိုင်လျက်ရေကန်ဘောင် ကိုကျောမှီနေသော အနေအထား
ဖြင့် သေဆုံးလျက်တွေ့ရှိရသည် ဟု သိရသည်။

““သူ့ကို သူငယ်ချင်း ၄ယောက် နဲ့ မနက် ၁၀ နာရီလောက်ထဲက အတူတူ ရေကစားနေတာကို သတိထားမိ
တယ်။ တစ်နေ့လုံး နားလိုက်ဆော့လိုက်နဲ့ သူငယ် ချင်းက မိန်းကလေးနှစ်ယောက်၊ ယောက်ျားလေးနှစ်ယောက်၊ နေ့ လယ်ဘက် ၁ နာရီလောက် ကျွန်
တော်တို့ အမှိုက်သွားသွန်တော့ သူဘာဖြစ်လို့လဲ မသိဘူး၊ သူ့ သူ ငယ်ချင်းတွေက ရင်ဘတ်ကိုဖိပြီး စကားတွေ ပြောနေကြတယ်။ ကျွန်တော်
တို့ အမှိုက်သွန်ပြီး ပြန် လာတော့ သူ့သူငယ်ချင်းတွေ မရှိ တော့ဘူး။
သူ့တစ်ယောက်တည်း တေ
ွ့ရတယ်။ နေ့လယ် ၂ နာရီခွဲ လောက်ကြာတော့ သူ အဲဒီနေ ရာမှာကြာနေပြီ။ ရေထဲမလှုပ် မ
ယှက်နဲ့ဆိုတော့ အိပ်နေတယ် ထင်ပြီး အအေးပတ်မှာစိုးလို့ သွား နှိုးတာ ခေါ်လို့မရတော့ဘူး။ လူ ကလည်း အေးစက်နေတာပဲ။ အဲဒီတော့မှ သူသေ
နေမှန်း သိရ တာ””ဟု စတင်တွေ့ရှိသူ လုံခြုံရေး
ဝန်ထမ်းတစ်ဦးက ပြောကြား သည်။

အဆိုပါနေ့၌ ဒဂုံရဲစခန်းမှ သေဆုံးသူ၏အမည်နှင့်
နေရပ် တို့အား စုံစမ်းလျက်ရှိသေး ကြောင်း သိရသည်။
ဝင်းကိုကို
Hot News Weekly

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post