ဘူးသီးတောင်မြို့နယ်တွင်ရခိုင်တိုင်းရင်းသားများ၊ဆရာများနှင့်လုံခြုံရေးတပ်ဖွဲ့များအးခြိမ်းခြောက်သည့်စာများ ထွက်ပေါ်


Wednesday, August 28, 2013
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ရခိုင်တိုင်းရင်းသားများ၊ ဆရာများနှင့် လုံခြုံရေးတပ်ဖွဲ့များသို့ ခြိမ်းခြောက်သည့်စာများ ထွက်ပေါ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ ခြိမ်းခြောက်စာကို သက်ဆိုင်ရာမှ သြဂုတ် ၂၆ ရက် နံနက် ၇ နာရီအချိန်က ညောင်ချောင်းဈေးရှိ ကုက္ကိုပင်တွင် ၁၀ လက်မပတ်လည် ကတ်ထူစာရ
ွက်ဖြင့် ကပ်ထားသည်ကို တွေ့ရှိရကြောင်း သိရသည်။

ကပ်ထားသည့် စာရွက်တွင် ရေးထားသည်မှာ"၁။ နွားဗိုလ်ကြီး ၂။နွားရဲသား ၃။ နွားလုံထိန်း ၄။ နွားရခိုင် ၅။ နွားဆရာတို့ထမင်းဝအောင် စားထားကြ ပုံ-ရိုဟင်ဂျာ" ဟု ရေးသားထားကြောင်းလည်း သိရသည်။

သြဂုတ် ၂၃ ရက်တွင်လည်း ညောင်ချောင်းကျေး
ရွာ အလယ်တန်းကျောင်း သတ္တမတန်း စာသင်ခန်း၊ စာသင်ပုန်းတွင် "ကုလားအားလုံး ရိုဟင်ဂျာ
၊ ရခိုင်သွား" ဟု စာရေးသားထားသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးရာ အသက် ၁၄ နှစ်အရွယ်သတ္တမတန်းကျောင်းသား အန်ဆာအူလာ (ဘ) အဘူချုပ်ကူက ရေးသားသည်ဟု တွေ့ရှိရကြောင်း သိရ
သဖြင့် မိဘအားခေါ်ပြီး နောက်မလုပ်ရန် ကတိဝန်ခံချုပ်ဖြင့် သတိပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ စာရေးသားသူ အသက် ၁၄ နှစ်အရွယ် သတ္တမတန်းကျောင်းသား အန်ဆာအူလာ (ဘ) အဘူချုပ်ကူ
မှာ ဘူးသီးတောင်မြို့နယ် ဘုရားပြင်ကျေးရွ
ာအုပ်စု ပြင်လှကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ယင်းညောင်ချောင်းကျေးရွာ အုပ်စုမှာ ဘူးသီးတောင် မြို့နယ်ထဲမှ ဘင်္ဂါလီနယ်မြေဖြစ်ကြောင်း သိရသည်။

ခြိမ်းခြောက်စာများ ထွက်ပေါ်လာပြီးနေ
ာက် ဒေသခံများ အနေဖြင့် စိုးရိမ်စိတ်များ ရှိနေပြီး ယင်းခြိမ်းခြောက်စာနှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ် အရေးယူရန် လိုအပ်ကြောင်း ဒေသခံများက ပြောကြားသည်။

ယင်းခြိမ်းခြောက်စာနှင့် ပတ်သက်၍ "ခြိမ်းေ
ခြာက်စာ ရေးထားတာတော့ စာသင်ကျောင်းမှာလို့ သိရပါတယ်။ နောက်ပြီး ညောင်ချောင်း
ဈေးမှာလို့လည်း သိရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ လက်ထောက်မြို့နယ်
ပညာရေးမှူးတို့က ကျေးရွာရပ်မိရပ်ဖတွေေ
တွ့ဆုံဆွေးနွေးပြီး ဘာကြောင့်ကပ်တာလ
ဲ၊ ဘယ်သူ့လုပ်ရပ်လဲ ဆိုတာကို စုံစမ်းဖော်ထုတ် နေပါတယ်" ဟု ဘူးသီးတောင် ရဲစခန်းမှူးက သြဂုတ်
၂၇ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်က ပြောကြားသည်။
Eleven Media Group

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post