ဘင်္ဂလားဒေ့ရှ်ကနေ ပြောင်းလာတဲ့ ရခိုင်မျိုးနွယ်စုတွေကို ဆန်နဲ့ အဝတ်အထည်လှူဒါန်း

ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ရခိုင်ပြည်နယ် မောင်တောဒေသကိုရွှေ့ပြောင်းအခြေချလာတဲ့ ရခိုင်မျိုးနွယ်စု မိသားစုတွေအတွက်
မြေပုံနဲ့ မင်းပြားမြို့နယ်က ကျေးရွာပေါင်း ၂၀ ကျော် စုပေါင်းပြီး ဆန်နဲ့အဝတ်အထည်တွေ မနေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

အဲဒီအလှူပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့တဲ့ မြေပုံမြို့နယ် ဝက်ခေါင်းကျေးရွာ ပရဟိတ ရခိုင့်လူငယ်အသင်းက ဦးကျော်သိန်းလှိုင်က အခုလိုပြောပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာတဲ့ ဒုက္ခသည်များအတွက် မင်းပြားမြို့နယ်က ၁၇ ရွာ၊ မြေပုံမြို့နယ်က ၅ ရွာက စေတနာရှိသလောက် လှူဒါန်းကြတာပေါ့၊အကုန်လုံးဆန်အိပ်တွေပေါင်းလိုက်တော့ ၂၆၅ အိတ်ရှိတယ်ပေါ့၊ အဲဒါတွေကို လာပြီးတော့လှူဒါန်းတာပေါ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနှစ်ပေါင်းများစွာနေထိုင်ခဲ့တဲ့ မရမာကြီး၊ မြို၊ ခမီး စတဲ့ ရခိုင်မျိုးနွယ်စု တွေဟာပြီးခဲ့တဲ့၂၀၁၂ နှစ်ကုန် ပိုင်းလောက်ကစပြီး ရခိုင်ပြည်နယ်ထဲကို ရွှေ့ပြောင်းအခြေချ လာကြရာမှာ အခုဆိုရင် အိမ်ထောင်စုပေါင်း၃၀၀ လောက်နဲ့ လူဦးရေပေါင်း ၁၀၀၀ ကျော် အထိ ရှိနေပြီလို့သိရပါတယ်။

RFA


SHARE THIS
Previous Post
Next Post