သြဂုတ်(၂၇) ၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
================
အရပ် ခုနစ် ပေ၁ဝလက်မရှိသည့် အခရိုမီဂ လီရောဂါသည် ကိုဝင်းဇော်ဦး အားကုသရာတွင် နည်းလမ်းနှစ် မျိုးရှိသည့်အနက် ခွဲစိတ်ကုသရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိ ရသည်။
ကိုဝင်းဇော်ဦးအားဆေးဆက်လက်ကုသနိုင်ရန်အတွက် ဩဂုတ် ၁၅ရက်တွင် စင်ကာပူ နိုင်ငံ အထွေထွေရောဂါကုဆေးရုံ ကြီး SGH သို့ ပို့ဆောင်ပေးခဲ့ရာ တွင် အဆိုပါဆေးရုံမှ ဆရာဝန်ကြီး များအဖွဲ့နှင့် ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းတို့ ဩဂုတ် ၂၃ရက် တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ကုသရန် နည်းလမ်းနှစ်မျိုးရှိခဲ့ပြီး ဆေးသောက်မည်ဆိုပါက တစ်လ လျှင် ကျပ်သိန်း၆၀ဝကျော်ခန့်ကုန်ကျနိုင်မည်ဖြစ်ပြီး အောင်မြင် ရန်မသေချာသည့်အတွက် ခွဲစိတ် ကုသရန်ဆုံးဖြတ်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။
''ကိုဝင်းဇော်ဦးရဲ့အခြေအ နေကို စင်ကာပူမှာစစ်ဆေးလိုက် တော့ ကြီးထွားမှုဟော်မုန်းနဲ့IGF တွေက တအားများနေပါတယ်။ ဒီလိုများနေတာကို ကုဖို့ကတော့ နည်းလမ်းနှစ်မျိုးရှိပါတယ်။
ဟော် မုန်းထွက်တဲ့အကျိတ်ကို ခွဲထုတ် တာနဲ့ ဆေးနဲ့ကုတာပါ။ ဒီနှစ်ခု ကိုယှဉ်ကြည့်ဆွေးနွေးတေ
ာ့ ဆေး နဲ့ကုတာဟာ ကြီးထွားမှုဟော်မုန်း
ကို တိုက်ဖျက်တဲ့ဆေးပေးရမှာ ပါ။ တစ်လကို ကျပ်သိန်း ၆၀၀ လောက်ကုန်ကျပြီးတော့ အောင် မြင်မယ်
၊ မအောင်မြင်ဘူးလို့လဲ မသိနိုင်ပါဘူး။ ခွဲစိ
တ်ဖို့နည်းကတော့အကောင်းဆုံးဖြစ်ပေမယ့် လဲဝင်းဇော်ဦးကျတော့ အခက် အခဲနည်းနည်းရှိနေပေမယ့် သူက လဲ ခွဲဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်''ဟု '
Save Win Zaw Oo ' အဖွဲ့ခေါင်း ဆောင် ပါမောက္ခ ဒေါက်တာခင် မောင်ဝင်းက ပြော
သည်။
ကိုဝင်းဇော်ဦးမှာ အရပ် နည်းနည်းစီ ထပ်ရှည်နေသေးပြီး စင်ကာပူတွင် MRI ရိုက်ကြည့်ရာတွင်ရန်ကုန်ပင်လုံဆေးရုံကြီးတွင် ဦးခေါင်းပိုင်း CT ရိုက်၍ ဓာတ်မှန် ပါရဂူ ဒေါက်တာအေးချမ်း မှတ် ချက်ပေးထားသည့်အတိုင်း ပီကျူ တရီတွင် အကျိတ်မရှိဘဲ အလွန် ပင် ထူးဆန်းစွာဖြင့် ပီကျူတရီ၏ အထက်ပိုင်း ဟိုင်ပိုသားလမတ်စ် တွင်ရှိနေသည်ကို
တွေ့ရကြောင်း ယင်းအခြေအနေကြောင့် ခ
ွဲစိတ် ရန်အတွက်မှာလည်း အခက်အ ခဲရှိနေခြင်းဖြစ်ကြောင်း သိရသည်။
''ပီကျူတရီအကျိတ်ခွဲတယ် ဆိုတာ သိပ်လွယ်ပါတယ်။ ဒါပေ မဲ့ ဟိုင်ပိုသားလမတ်စ်မှာ ကပ် နေတဲ့ ကြီးထွားမှုဟော်မုန်းအ ကျိတ်ကိုခွဲတာမှာတော့ မလိုလားအပ်တဲ့ဖြစ်ရပ်တွေဖြစ်နိုင်ပါတယ်။ ခွဲစိတ်ရင်းနဲ့ ဟိုင်ပိုသားလမတ်စ် ကိုထိခိုက်မိရင် ဆီးသိပ်သွားတဲ့ ရောဂါနဲ့ မရပ်မနားအစားလွန်ကဲ စားတဲ့ရောဂါလဲ ရနိုင်ပါတယ်။ ဒီဆိုးကျိုးနှစ်ခုလုံး
ကို ကုသလို့ရပါ တယ်။ လူနာနဲ့ လူနာရဲ့ယောက်ဖ ကိုရှင်းပြတဲ့အခါ သူတို့ကလဲ ခွဲ ဖို့ကိုပဲ သဘောတူခဲ့
ပါတယ်''ဟု ဦးခင်မောင်ဝင်းက ဆက်လက် ရှင်းပြခဲ့သည်။
လက်ရှိအချိန်တွင် ကိုဝင်း ဇော်ဦးအား ခွဲစိတ်နိုင်ရန်အတွက်လိုအပ်သည့်ခုတင်အကြီး၊ မေ့ဆေး ပေးရန် လေပြွန်ထဲ ထည့်ရမည့် ပြွန် စသည့်ကိရိယာများစုံလင်ပါ က လာမည့်အပတ်တွင် ခွဲစိတ် မည့်
ရက်ကို အကြောင်းကြားမည် ဖြစ်ပြီး အကယ်၍ခွဲစိတ်မည့်ရက် သည် တစ်ပတ်အတွင်းဆိုလျှင် ကိုဝင်းဇော်ဦးမှာ စင်ကာပူတွင် ပင်နေမည်ဖြစ်ပြီး ခွဲမည့်ရက်ကြာ မည်ဆိုပါက မြန်မာပြည်တွင် ပြန်လည်နားမည်ဖြစ်ကြောင်း သိရ သည်။
ဆေးကုသရန်စရိတ်အတိ အကျကိုမသိသေးသော်လည်း မက်စ်မြန်မာမှ ဦးဇော်ဇော်က ကျပ် သိန်း ၁၀၀ လှူထားပြီး ကမ္ဘောဇ ဘဏ် ဦးအောင်ကိုဝင်းမှလည်း သင့်တော်မည့်ပမာဏကို လှူဒါန်း မည်ဖြစ်
ကြောင်း သိရသည်။
ကိုဝင်းဇော်ဦးခွဲစိတ်ရန် ကုန် ကျစရိတ် များပြားနိုင်သည့်အ တွက် အသက်ကယ်နိုင်ရန် လှူ နိုင်သရေ
ွ့လှူဒါန်းရန် ပန်ကြား ထားပြီး ဆက်သွ
ယ်လှူဒါန်းလို ပါက ပါမောက္ခ ဦးခင်မောင်
ဝင်း (အသည်း) ဖုန်း-၀၉-၈၆၀၁၃၄၅ သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
Yangon Media
Group
