ကလေးကိုလူသုံးဦးနှင့်ကာမစပ်ယှက်စေသည်ဟုဆိုကာမိခင်က အိမ်နီးချင်းများကို အမှုဖွင့်


Tuesday, August 27, 2013
အခကြေးငွေယူပြီး သူ့သမီးလေးကို လူသုံးဦးနှင့်ကာမစပ်ယှက်စေသည်ဟုဆိုကာ အိမ်နီးချင်းများကို ကလေးမိခင်က ရဲစခန်း၌ တိုင်တန်းမှုတစ်ခု သြဂုတ် ၂၅ ရက်က ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းတ
ွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတ
ပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ကလေးငယ်သည် အသက် ၁၅ နှစ်အရွယ်သာရှိသေးပြီးသူမ၏မိဘများသည်ဒဂုံဆိပ်ကမ်းမြို့နယ်တွင်ကျူးကျော်တဲဖြင့်နေထိုင်သူများဖြစ်ကြသည်ဟု ရဲမှတ်တမ်းများတွင် တွေ့ရသည်။

သြဂုတ် ၂၃ ရက်ညတွင် ထိုကလေးသည် အိမ်သို့ ပြန်မလာသဖြင့် ည ၈ နာရီကတည်းက လိုက်ရှာသော်လည်
း မတွေ့ခဲ့ရကြောင်း နောက်တစ်နေ့ နံနက်
၂ နာရီအချိန်ရောက်မှ အိမ်သို့ပြန်ရောက်လာကြောင်း မိခင်ဖြစ်သူက ရဲကိုတိုင်တန်းရာတွင် ပြောကြားထားသည်။

ထို့ကြောင့် သမီးဖြစ်သူကို မေးမြန်းရာ အိမ်
နီးချင်းများက အခကြေးငွေယူကာ သူ့ကို လူသုံးဦးနှင့် ကာမစပ်ယှက်စေခဲ့သည်ဟု ဖွင့်ပြောခဲ့ကြောင်းလည်း မိခင်ဖြစ်သူက ရဲကိုတိုင်တန်းသည်။

အိမ်နီးချင်းဖြစ်သည့် အသက် ၄၂ နှစ်အရွယ် အမျိုး
သမီးကြီး၊ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးနှင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့က သူမကို ဆိုင်ကယ်ဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူးမြစ်လမ်းတွင် ရပ်ထားသော ကွန်တိန်နာ ကုန်တင်တွဲယာဉ်၏ ခေါင်းခန်းသို့ တင်ဆောင်ပေးခဲ့ကြောင်း လည်း ကလေး၏ ပြောကြားမှုကို မိခင်က ရဲစခန်း၌ ပြန်ပြောပြခဲ့သည်။

ထိုကွန်တိန်နာထဲတွင် အမည်မသိ ယာဉ်မောင်းသုံးဦးနှင့် ကာမစပ်ယှက်ခဲ့ရပြီး သူ့ကို လိုက်ပို့သည့် အမျိုးသမီးကြီးနှင့် ကျန်သူ နှစ်ဦးတို့က ငွေကြေးများ ရယူခဲ့သည်ဟုလည်း ကလေးက ပြန်ပြောပြသည်ဟု ကလေးမိခင်က ရဲကို ပြောထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မိခင်ဖြစ်သူက သူ့သမီးကိုသွေးဆောင်၍ အခကြေးငွေယူပြီး ကာမစပ်ယှက် စေခဲ့သူများကို အရေးယူပေးပါရန် စွပ်စွဲတိုင်ကြားသဖြင့် ရဲစခန်းက အမှုဖွင့်ထားသည်။

စွပ်စွဲခံရသူသုံးဦးမှာ ဒေါ်သီတာချို၊ အသေးလေး(ခ)ကိုရွှေကိုနှင့် မရွှေဝတ်မှုံဆိုသူတို့ ဖြစ်ကြကြောင်းလည်း ရဲဌာနက အတည်ပြုထားသည်။

ထိုသုံးဦးအနက် ဒေါ်သီတာချိုနှင့် အသေးလေးတို့ကိုဖမ်းဆီးစစ်ဆေး လျှက်ရှိပြီး ကျန်သူများကိုလည်း
လိုက်လံရှာဖွေ စုံစမ်း နေသလို၊ ၎င်းတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၆၆ ကာမသွေးဆောင် အကျင့်ဖျက်ဆီးမှုဖြင့် တရားစွဲမည်ဟု ရန်ကုန်တိုင်း
ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုပုဒ်မအရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်
အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည်။
အဆိုပါအမှုနှင့် ပတ်သက်၍ ကိုင်တွယ်ဆောင်ရွက်နေသည့် ဒဂုံဆိပ်ကမ်းရဲစခန်းသို့ ဆက်သွယ်မေးမြ
န်းရာ “အောက်က ရဲစခန်းတွေက ပြောလို့မရပါဘူး၊ တိုင်းရုံးကိုပဲ မေးပါ၊ တရားဝင် ညွှန်ကြားချက် ထုတ်ပြန်ထားလို့ပါ၊ တိုင်းရုံးက
ထုန်ပြန်ထားသလောက်ပဲရေးပါ”ဟု တာဝန်ကျရဲတစ်ဦးက ဖြေကြားခဲ့သည်။

Mizzima - News in Burmes

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post