ခန့်စည်သူ နဲ့ ဘာညာ သတင်းထွက်နေတဲ့ အိချောပို

မော်ဒယ်လောကနေ ကြော်ငြာတွေ ဇာတ်ကားတွေမှာနေရာရလာတဲ့ သရုပ်ဆောင် အိချောပို
ဟာ ဟိုလူနဲ့ လိုလို၊ ဒီလူနဲ့လိုလိုဖြစ်နေတဲ့ လူပျိုကြီးခန့်စည်သူနဲ့ သတင်းထွက်နေပြန်ပါတယ်။ သတင်းထွက်မယ်ဆိုလည်းထွက်ချင်စရာလို့ဆိုရလောက်အောင်ခန့်စည်သူနဲ့တွဲဖက်ပြီး ဇာတ်လမ်းတွေတပူးတတွဲကြီးရိုက်ကူးနေသလို ခန့်စည်သူ ဦးစီးထုတ်ဝေတဲ့ ဖြန့်ချီရေးဇာတ်ကားတွေမှာ
အိချောပို ကို ပိုပြီးတွေ့နေရပါတယ်။

ခန့်စည်သူဟာ နန်းမြတ်ဖြိုးသင်း နဲ့လည်း ဘာလိုလိုသတင်းတွေ ထွက်နေသူပါ။အိချောပို ဆိုရင်
လည်း အသက် ၂၀ ၀န်းကျင် ငယ်ရွယ်တဲ့ မော်ဒယ်မလေးတစ်ယောက်ပါ။

အိချောပိုဟာအရပ်မြင့်မြင့်ဒေါင်ကောင်းသလို တောင့်တင်းတဲ့ကိုယ်ခန္ဓာ
ကလည်း ခန့်စည်သူအပါဝင် ပရိတ်သက် ကိုပါဆွဲဆောင်နိုင်ခဲ့ပါတယ်။တချို့ချို့အနုပညာရပ်ဝန်းကတော့ Private နေရာတွေမှာ သူတို့နှစ်ယောက်ကိုတွေ့ရတယ်လို့ဆိုပါတယ။်
ိD.မိုးသား

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post