သံတွဲ တရော်တောရွာ ရေကြီးစဉ် မျောပါသေဆုံးသူအလောင်းအား ဆင်ခေါင်းရွာတွင် တွေ့ရှိ

သံတွဲ တရော်တောရွာ ရေကြီးစဉ် မျောပါသေဆုံးသူအလောင်းအား ဆင်ခေါင်းရွာတွင် တွေ့ရှိ ။ ပေငါးဆယ်ခန့် ကမ်
းပါးတိုက်စားသွား။ အိမ်ခြေ သုံးအိမ် ၏ မြေများပဲ့ပါသွား။
==================================
စစ်တွေ ၊ ၂၄ သြဂုတ် ၂၀၁၃၊
ရေတိုက်စားမှုကို အမြဲခံရနေကျ သံတွဲ တစ်ဘက်ကမ်း ရှိ တရော်တောရွာတွင် ပြီးခဲ့သည့် သြဂုတ်လ (၁၉) ရက်နေ့က မိုးကြီးရေလျှံစဉ် ရွာသားတစ်ဦးဖြစ်သူ ဦးဇော်မင်း(၃၉-နှစ်) နစ်မြုပ်မျောပါသွားခဲ့ရာ ၄င်း၏အလောင်းကို သံတွဲမြို့နယ်
ဆင်ခေါင်း ကျေးရွာတွင် တွေ့ရှိသဖြင့် သေဆုံးသူ၏ မိသားစုဝင်များ ဆင်ခေါင်းရွာသို့ လိုက်သွားကြသည်။

ယခုတစ်ကြိမ်တိုက်စားမှုတွင် ပေငါးဆယ်ခန့်အနည်းဆုံးကမ်းပါးပဲ့ပါသွားပြီး အိမ်သုံးအိမ်အား ဖြိုဖျက် ရွှေ့ပြောင်းလိုက်ရသည်။ တရော်တောရွာ၏ မြေနေရာများမှာသံတွဲချောင်း၏ကမ်းပါးတိုက်စားချောင်းကြောင်းပြောင်းလာမှု
ကြောင့်နေရာကျဉ်းသထက်ကျဉ်းလာခဲ့ပြီး ချောင်းတစ်ဘက်ကမ်း ဆန်းမြေ (ပို့မြေ) တွင် မိမိတို့ အိမ်ရာများ ရွှေ့ပြောင်းဆောက်လုပ်ခွင့် ရှိထိုက်ကြောင်း အကြိမ်ကြိမ် အခါခါ တောင်းဆိုတင်ပြသော်လည်း ဒေသအာဏာပိုင်များနှင့် ပတ်သက်နေသူများက ထိုမြေများကို မြေဂရံခံကာ ရယူထားသည် ဟုဆိုကာ ပြောင်းရွှေ့ခွင့် မပေးသဖြင့် အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိသည်။

တစ်ဘက်ကမ်း ဆန်းမြေရှိ ကွင်းအမှတ် (၁၇၃)တွင် ကျေးရွာနေအိမ်များ ရွေ့ပြောင်းအခြေစိုက်ခွင့်ပေးရန် ရွာသားများက ကြိမ်ကြိမ်အခါခါ တောင်းဆိုသော်လည်း ထိုအရေးကို စုံစမ်းစစ်ဆေးခြင်းမပြုပဲ ချောင်းထိုးထားသူ ဒေသအာဏာပိုင်များမှာ ထိုဆန်းမြေအား ပိုင်ဆိုင်လုပ်ကိုင် အကျိုးခံစားမှုများတွင် ပါဝင်ပတ်သက်နေသည့်အတွက် ဖြစ်သည် ဟုရွာသားများက စွပ်စွဲနေကြသည်။

ဥပမာအားဖြင့် ဆိုလျှင် သံတွဲမြို့နယ်လွှတ်တော်အမတ် ဦးမြင့်လှိုင်မှာ ရွာသားများက ရယူပိုင်ခွင့်ရှိသည် ဟု တောင်းဆိုနေသည့်
မြေနေရာပေါ်တွင် အဆောက်အအုံအချို့ကို ကန်ထရိုက်အဖြစ် ဆောက်လုပ်ပေးခဲ့သည် ဟု ရွာသားများက ဆိုသည်။
အဂတိအားဖြင့် ဘက်လိုက်ကာဆောင်ရွက်နေကြကြောင်း ရွာသားများက ထိုကဲ့သို့ ပြစ်တင်စွပ်စွဲသူများထဲတွင် သံတွဲရှိ ခရိုင်အဆင့် အရာရှိအချို့ နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်အချို့ပါဝင်သည်။

( Coral Arakan News )

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post