်
22.8.2013
ယခင်ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားများ၏စိတ်ဝင်စားမှုအများဆုံးရရှိခဲ့သောရန်ကုန်နည်းပညာတက္ကသိုလ်သည်ကျောင်းသား၅၀ဦးတိုးမြှင့်ခေါ်ယူသွားမည်ဖြစ်ကြောင်းတက္ကသိုလ်ဝင်ခွင့်လမ်းညွှန်အရ သိရသည်။
ယခင်နှစ်ကရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တွင် ကျောင်းသား ၂၅၀ ဦးစီကို ဝင်ခွင့်လက်ခံခဲ့ပြီးလာမည့်ပညာသင်နှစ်အတွက် ရန်ကုန်နည်းပညာတက္ကသိုလ်က ကျောင်း သား၃၀၀ ဦးလက်ခံ၍ မန္တလေးနည်းပညာ တက္ကသိုလ်က ကျောင်းသား ၂၅၀ ဦး လက်ခံသွားမည်ဖြစ် ကြောင်း ကြေညာထားသည်။
ထို့ပြင်ယခင်နှစ်ကယင်းတက္ကသိုလ်နှစ်ခုတွင် ဝင်ခွင့်လျှောက်ထားရန် တက္ကသိုလ်ဝင်စာမေးပွဲရမှတ် အနည်းဆုံး ၄၅၀ သတ်မှတ်ခဲ့သော်လည်း လာမည့်ဝ
င်ခွင့်အတွက်အနည်းဆုံး၄၈၀မှတ်ရရှိထားရန်တိုးမြှင့်သတ်မှတ်လိုက်သည်။
ရန်ကုန်နည်းပညာတက္ကသိုလ်သည် ကျောင်းသားများစိတ်ဝင်စားမှုရရှိထားပြီး ယခင်နှစ်ကတက္ကသိုလ်ဝင်စာမေးပွဲအနည်းဆုံးရမှတ် (ကျား) ၅၀၀ နှင့်(မ) ၅၀၄ မှတ်ရရှိသူများသာဝင်ခွင့်ရရှိခဲ့သည်။
မန္တလေးနည်းပညာတက္ကသိုလ်တွင် ယခင်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲ အနည်းဆုံးရမှတ် (ကျား) ၄၈၅
နှင့် (မ) ၄၉၇ မှတ်ရရှိသူများ ဝင်ခွင့်ရရှိခဲ့သည်။
ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့သည် အမျိုးသား၊ အမျိုးသမီးဦးရေ
၅၀ ရာခိုင်နှုန်းစီ သတ်မှတ်လက်ခံနေပြီး သင်တန်းကာလခြောက်နှစ်အောင်မြင်ပါက အင်ဂျင်နီယာနှင့် ဗိသုကာ ဘွဲ့များ တိုက်ရိုက်ပေးအပ်နေခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ၏
စိတ်ဝင်စားမှု ရရှိနေခြင်းဖြစ်သည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် တက္ကသိုလ်၅၈ ခုတည်ထောင်ထားပြီး ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်အပါအဝင် တက္ကသိုလ်ခြောက်ခုကို ရွေးချယ်၍နိုင်ငံတ ကာ အဆင့်မီလာစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောထားသည်။
Myawady News
