ကုမ္ပဏီနှင့် လယ်သမားတို့ မြေယာလျော်ကြေးအငြင်းပွားနေ


Thursday, August 22, 2013
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အပြင်ပဒံကျေးရွာမှ လယ်သိမ်းခံလယ်သမားများနှင့် သိမ်း
ထားသည့် ကုမ္ပဏီအကြားလျော်ကြေးပေးမှု
မပေးမှုနှင့်ပတ်သက်ပြီးအပြန်အလှန်အငြင်း
ပွားမှုများ ဖြစ်ပွားနေသည်ဟု ကုမ္ပဏီနှင့်
လယ်သမားတို့က ပြောသည်။

လယ်သမား၂၅ ဦး ပိုင်ဆိုင်သော ယင်းကျေးရွာမှ လယ်မြေ ၁၁၁ ဧကကို ပြီးခဲ့သည့် ၁၉၉၇ ခုနှစ်မှ
စတင် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီက လယ်မြေများအားလုံးအတွက် လျော်ကြေးပေးပြီးပြီဟု ဆိုသော်လည်း လယ်သမားများကမူ လျော်
ကြေး အပြည့်အစုံ မရရှိသေးဟု ဆိုသည်။

လျော်ကြေးမရသေးသည့် လယ်သမားမှာ သုံးဦးရှိပြီး လျော်ကြေးပေးသည့် ပမာဏကို ကျေနပ်ခြင်းမရှိ၍ မယူခြင်းဖြစ်သည်ဟုလည်း ယင်းကိစ္စတွင်လယ်သမားအရေးဆောင်ရွက်ပေးနေသည့်လယ်သမားကို ကြည်ရွှင်က မဇ္ဈိမကို ပြောသည်။

လျော်ကြေးမယူသော လယ်သမား သုံးဦးမှာ ယခုရက်အတွင်း ကုမ္ပဏီက သိမ်းထားသည့် မြေပေါ်
တွင် ခြံစည်းရိုး ခတ်ထားခြင်းကို ဖျက်ခဲ့ခြင်
းကြောင့် သြဂုတ်၂၁ရက်တွင်တရားစွဲဆိုထာ
းသည်ဟုလည်း မြေသိမ်းသည်ဟု စွပ်စွဲခံရသည့် ချင်စုကုမ္ပဏီက ဆိုသည်။

ချင်စု ကုမ္ပဏီမန်နေဂျာက “ကျွန်တော်တို့ကုမ္ပဏီက လယ်သမားတွေရဲ့ နစ်နာကြေးကို ၂၀၁၃
ခုနှစ်နှစ်ဆန်းကလယ်ယာမြေစုံစမ်းရေးကော်မရှင်နဲ့ ပူးပေါင်းပြီး လယ်ဧက ၁၁၁ ဧကလုံးကိုပေးပြီးသွားပါပြီ။ အခုက ကျွန်တော်တို့ခြံစည်းရိုးခတ်ထားတာကို အတင်းဝင်လာပြီး ဖျက်တယ်။ အဲဒီအတွက် ဦးဆောင်ဝင် လာတဲ့သူကို ကျွန်တော်တို့ ဘက်က ဥပဒေအကြောင်းအရ လုပ်ထားပါတယ်”ဟု ပြောသည်။

လယ်မြေများကို လျော်ကြေးပေးရာတွင် ယခုနှစ်ဆန်းတွင် တစ်ဧကလျှင် ၃၆ သိန်းနှုန်းဖြင့် လျော်ကြေးပေးခြင်းဖြစ်ကာ ၂၁ ဧကမှအပ ကျန်ဧကများကို လျော်ကြေးပေးပြီးဖြစ်သည်ဟု သိ
ရသည်။

ရန်ကုန်တိုင်းအတွင်းတွင် အကြောင်းအမျိုးမျိုးကြောင့် သိမ်းထားသည့် မြေဧက သိန်းချီရှိနေေ
ကြာင်း လယ်မြေနှင့် အခြားမြေများ သိမ်း
ဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က ဇွန်လအတွင်းက မဇ္ဈိမနှင့် အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့ဖူးသည်။

အေးအေးကျော်
မဇ္ဈိမ

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post