စိတ်ကျန်းမာရေးဆေးရုံမှ အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံး

Wednesday, August 29, 2013
ဒဂုံမြို့နယ်ရှိ စိတ်ကျန်းမာရေး ဆေးရုံကြီး(ရန်ကုန်) မူးယစ်ဆောင်တွင် စိတ်ကြွရူးသွပ်ဆေးပြား သုံးဆွဲ၍ စိတ်ကျန်းမာ
ရေး ကုသနေသူ အမျိုးသား တစ်ဦးသည် သြဂုတ်လ ၂၇ရက်နေ့က ဆွဲကြိုးချ
သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။

သေဆုံးသူ ကိုမျိုးခိုင်သည် ကြားအင်းဆိပ်ကြီးမြို့နယ် မင်္ဂလာ
ကုန်းရပ်ကွက် လမ်းမကြီးလမ်းတွင် နေထိုင်ကာ မူးယစ်ဆေးသုံးဆွဲမှုကြောင့် စိတ်ကျန်းမာရေးဆေးရုံ မူးယစ်ဆောင်(၃)တွင် တက်ရောက်၍ ဆေးကုသနေစဉ် ၎င်း၏ အခန်းရှိ အမြင့်(၆)ပေကျော်ရှိသော ပြတင်းပေါက် သံစကာတွင် (၃)ပေကျော်ရှည်သော ၎င်း၏ ဘောင်းဘီရှုံ့ကြိုးဖြင့် ဆွဲကြိုးချ သေဆုံးခဲ့ခြင်း
ဖြစ်ကြောင်း ရဲမှတ်တန်းများအရ သိရသည်။
၎င်းသို့ သေဆုံးမှုအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ဒုရဲအုပ်အောင်သီဟမှ တရားလို ပြုလုပ်တိုင်တန်း၍ ဒဂုံမြို့မ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၇/၁၃ဖြင့် အမှုဖွင့်၍ စခန်းမှူး ရဲအုပ်သန့်ဇော်ဦးမှ စစ်ဆေးလျက်ရှိသည်။

မြန်မာ့ခေတ်


SHARE THIS
Previous Post
Next Post