ဆီးရီးယားကို အမေရိကန်တို့ တိုက်မည်မို့ အစ္စရေးတို့လည်း ပြင်ဆင်
အဆုံးမသတ်နိုင်တဲ့ ဆီးရီးယား ပြည်တွင်း စစ်အတွက် နောက်ဆုံးဖြေရှင်း နည်းအနေနဲ့ အမေရိကန်တို့ ဆီးရီးယား ကို ဝင်တိုက်
တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် ဒါက အစ္စရေးဘက်က အတည်ပြု ပြောဆိုတဲ့ သတင်းပါ။ အမေရိကန်မှ မပြောသေးပါဘူး။
အစ္စရေးမှာ အမြင့်ဆုံးလုံခြုံရေးစနစ်များ ပြုလုပ်နေပါတယ်။
အကြောင်းကတော့ အမေရိကန်ရဲ့  လေကြောင်း တိုက်စစ်ကြောင့် ဆီးရီးယားလည်း အစ္စရေးဘက်ကို ဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်နိုင်ချေရှိ
ကြောင်း သိရပါတယ်။ စစ်ပွဲကြောင်း ဆီးရီး
ယားဟာ အနီးစပ်ဆုံးဖြစ်တဲ့ အစ္စရေးကိုပဲ ပြန်တုန့်ပြန်နိုင်ချေရှိတာကြောင်း ဆီးရီးယားနဲ့ နီးစပ်တဲ့ ဒေသတွေတိုင်းမှာဒုံးဖျက် ယာဉ်များ၊ စစ်စခန်းများ ချထားလိုက်ပြီ ဖြစ်ပါတယ်။
ဒါက အစ္စရေးဘက်က ပြင်ဆင်ထားမှုပါ။ ဆီးရီးယားကတော့ သူ့ပြည်တွင်းစစ်နဲ့ပဲ အခြေအနေ အတော်ဆိုးနေပါတယ်။ ဓာ
တုလက်နက် အသုံးပြုတာ သူပုန်များ ဟုတ်မဟုတ်၊ အစိုးရဟုတ်မဟုတ် သေချာ ကွဲခြားရ ခက်နေချိန်မှာ အမေရိကန်ဟာ ကြားဖြတ်ဝင်တိုက်လိမ့်မယ်လို့ အားလုံးခန့်မှန်းပြီးသား ဖြစ်ပါတယ်။
သို့ပေမယ့် ဆီးရီးယားကို တိုက်ဖို့အတွက် အမေရိကန်မှ တရားဝင်ကြေညာချက် ထုတ်မထားသေးပါဘူး။ လက်ရှိ ဆိုးရွားတဲ့ နိုင်ငံရေးကိုဖြေရှင်းဖို့ ကုလမှ တာဝန်ရှိသူများ ဆီးရီးယားကို ရောက်ရှိနေပါတယ်။ အစ္စရေးကတော့ အမေရိကန်ဟာ ဆီးရီးယားကို တိုက်ခိုက်ဖို့အတွက် အဖြစ်နိုင်ဆုံးအခြေအနေမှာ ရှိတယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
.
Ref: Xinhua
ရိုးရာလေး နိုင်ငံတကာ
www.yoyarlay.com/international-news/usa/37491-
isarel-ready-for-war-of-us-and-syria
.
SHARE THIS
Previous Post
Next Post